Episode - 9(Zaw gyi)

511 20 0
                                    


       သင်္ကြန်အကြိုနေ့**

        Companyမှဦးစီးကျင်းပသော‌ရေကစားမဏ္ဍပ်ဖြစ်၍စင်အနေအထားကိုမော်ကြည့်ရသည်အထိခပ်မြင့်မြင့်ဆောက်ထားသည်။စင်တစ်ဝိုက်လုံခြုံရေးအပြည့်ချထားပြီးဘေးကင်းလုံခြုံမှုရှိစေရန်အထူးဂရုစိုက်ထားပုံရသည်။စင်နားတွင်အတားအဆီးများချထားပြီး အတားအဆီး၏ရှေ့မှသာ ကားလမ်းပေးထားသည်။ကားလမ်းနောက်တွင် လူများအတွက်ကခုန်ပျော်ပါးရန်နေရာအကျယ်ကြီးပေးထားသည်။မဏ္ဍပ်တွင် ကနဦးအနေဖြင့်ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ အဖွင့်သီချင်းအနေဖြင့်  ဒေါ်မြဧကရီနှင့်တံခွန်နှင့်တွဲဖက်ကာ မန္တလေးသင်္ကြန်နှင့်အလိုက်ဖက်ဆုံး
နှစ်ကိုယ်တူချစ်သမျှသီချင်းကိုဆိုကြလေသည်။

         ထိုစဉ်ရောင်စဉ်ကအနုပညာရှင်များနားနေရန်စင်၏ဘယ်ဘက်ခြမ်းတွင်စီစဉ်ပေးထားသောထိုင်ခုံများထဲတွင်ထိုင်လျက်စောင့်နေခဲ့သည်။ယောင်္ကျားဆန်ပြီး တစ်စက်ကလေးမှနူးညံ့မှုမရှိသောထိုအမျိုးသမီးမှာတံခွန်နှင့်အတူ နှစ်ကိုယ်တူချစ်သမျှသီချင်းကို နွဲ့နှောင်းကာသီဆိုနေသည်က ဒေါ်မြဧကရီနောက်တစ်ယောက်ပေလားဟု တွေးမိသည်။အသံဩဩလေးနှင့်ပရိသတ်ကိုဖျော်ဖြေနေသည်က မြန်မာသံသိပ်မကြိုက်တတ်သူတစ်ယောက်ပင်စွဲငြိသွားစေလိမ့်မည်။တံခွန်လက်ကိုချိတ်ကာ ပုခုံးလေးကိုင်လိုက်ကာဖြင့် တံခွန်ကိုတစ်ပတ်ပတ်လျက် ချစ်ကြည်နူးနေသည့်မောင်နှံသဖွယ်တေးသရုပ်ဖော်လုပ်နေသည်မှာသူမအား ရောင်စဉ်‌မျက်တောင်မခတ်တမ်းကြည့်နေမိသည်။

         ကြည့်ရင်းသီချင်းဆုံးသွားသောအခါရောင်စဉ်သည်အခြားသောဧည့်ပရိသတ်များအလားတူလက်ခုပ်တီးကာအားပေးမိလေသည်။ရုပ်ရှင်မင်းသမီးဖြစ်သော်ငြားသီချင်းဆိုရာတွင်လည်း နောက်ကောက်မကျအောင်ဆိုနိုင်သူဖြစ်၍ ထပ်မံချီးကျုးရပြန်တော့သည်။တံခွန်နှင့်သူမအလှည့်ပြီး၍ နားနေသည့်ခုံသို့ပြန်လာစဉ် တံခွန်လည်းပါလာသည်။တံခွန်ကရောင်စဉ်ကိုမြင်လျှင်
ရောင်စဉ်ရှေ့ကခုံတွင် နောက်ပြန်ခွထိုင်လိုက်ပြီးနောက်လှည့်ကာ -

"ညီမ"

ဟူ၍ နှုတ်ဆက်စကားဆိုလိုက်စဉ် ရောင်စဉ်နောက်ဘက်တွင် ဒေါ်မြဧကရီအားမြင်လိုက်လျှင် တိတ်တဆိတ်ခေါင်းကိုသာငြိမ့်ပြရင်း အဖြေပေးလေသည်။တံခွန်လည်းဒေါ်မြဧကရီရောက်လာ၍ စကားထပ်မများတော့ပဲ ထိုင်ခုံကိုတည့်တည့်မတ်မတ်ထိုင်ကာ ဖုန်းနှိပ်နေလိုက်တော့သည်။ဒေါ်မြဧကရီမှာ ရောင်စဉ်ဘေးကခုံတွင်ဝင်ထိုင်ရင်း လက်ဝါးဖြန့်ကာ -

တုံးခု၍လှမ်း သည်းဦးပန်း(Completed)Tempat cerita menjadi hidup. Temukan sekarang