ဒေါ်မြဧကရီအကူအညီဖြင့်ရောင်စဉ်အပါအ၀င်ကျန်သုံးယောက်ပါနေနေသည့်အိမ်ကိုပြန်အပ်ခဲ့ကာ ပြောင်းလာခဲ့သည်။နိုင်ငံကျော်အကယ်ဒမီများရှင်မင်းသမီးအိမ်မှာ သာမန်ကာလျှံကာတွေးရုံနှင့်ပင်ခမ်းနားလှပေသည်။ခြံအကျယ်ကြီးထဲတွင် နှစ်ထပ်တိုက်ကြီးမှာငွားငွားစွင့်စွင့်ဆောက်လုပ်ထားသည်။အိမ်ထဲတွင်လည်း ပရိဘောဂများ အပြင်အဆင်များကလည်းအထက်တန်းကျလှပြီးတစ်အိမ်လုံးတွင်ထူးထူးခြားခြားပင် ရေဆေး ဆီဆေးပန်းချီကားများချိတ်ဆွဲထားရာ ပန်းချီပြခန်းနှင့်ပင်ခပ်ဆင်ဆင်ဖြစ်နေတော့သည်။
အိမ်ပြောင်းလာပြီးသူမအမေ ဒေါ်ရွှေနန်းခင်နှင့်မိတ်ဆက်ပေးလေသည်။ဒေါ်ရွှေနန်းခင်မှာဒေါ်မြဧကရီနှင့်သားမိသာဆိုသည် အကျင့်စရိုက်မှာမတူပဲဖော်ရွေလွန်းသည်။ဒေါ်မြဧကရီမှာစကားအရာရော အမူအရာအနေနှင့်ပါမနူးညံ့သောအမျိုးသမီးဖြစ်သည်။ရောင်စဉ်တို့အိမ်ကိုရောက်လာလာချင်းမိတ်ဆက်ပေးရန် ညဘက်ထမင်းစားသည့်အချိန်တွင် -
"မေမေ ဒါကသမီးချောင်းသာသွားရင်းခေါ်လာတဲ့ကလေးတွေ မေမေတစ်ယောက်တည်းပျင်းတယ်လို့တလောကပြောနေလို့အဖော်ရအောင်သမီးခေါ်လာတာ"
(ဒေါ်မြဧကရီ)"အေး သမီးရယ်မေမေလည်းသမီးကားရိုက်သွားတိုင်းပျင်းနေတာ မြေးအရွယ်ကလေးတွေရောက်လာတော့အပျင်းပြေတာပေါ့"
(ဒေါ်ရွှေနန်းခင်)"သမီးလေးတို့နာမည်ဘယ်လိုခေါ်လဲအဖွားကိုပြောပြပါဦး"
(ဒေါ်ရွှေနန်းခင်က ရောင်စဉ်တို့အုပ်စုအားကြည့်လျက်)"ဟုတ်ကဲ့ သမီးနာမည်ရောင်စဉ်လှိုင်းပါအဖွား"
"သမီးနာမည်က သံသာဦးပါ"
"သမီးနာမည်က ဝသုန်ပါ"
"သမီးနာမည်က ဆောင်းဦးပါ"
"မေမေ့ဘေးမှာရောင်စဉ်ကလွဲလို့ကျန်တဲ့ကလေးတွေရှိနေမှာ ရောင်စဉ်ကတော့ရိုက်ကွင်းကိုခေါ်သွားမှာ"
(ဒေါ်မြဧကရီ)"မေမေသိတဲ့အတိုင်း ဖြူတုတ်ကခေါ်သာသွားရတာတောင်ဆိုမြောက်ရောက် ဘာမှသုံးစားမရဘူးတကယ့်အရေးဆို"
(ဒေါ်မြဧကရီ)