Episode - 13 (Zaw gyi)

471 19 6
                                    

Episode - 13

         Seriesအတွက်တံခွန်နှင့်ဒေါ်မြဧကရီရက်အတော်ကြာ ကားရိုက်ရက်များအတွင်းဆုံကြလေသည်။ရောင်စဉ်က သဘောတူကြောင်းပြောပြပြီးဟန်ပင်။တံခွန်နှင့်ရောင်စဉ်မှာ ရှုတင်နားလျှင်တစ်နေရာတွင်သီးသန့်ရှိနေတတ်ကြပြီး စကားတွတ်ထိုးနေတတ်ကြသည်။ဒေါ်မြဧကရီလည်း သိနေသော်လည်းမသိဟန်ဆောင်ကာနေခဲ့သည်။သိသော်လည်းမမြင်အောင်ထိန်းချုပ်ထားသော သူမခံစားချက်များကို ရောင်စဉ်သိလျှင်ကော ယခုလိုပျော်နိုင်ပါမည်လား....။

          ဒေါ်မြဧကရီဟန်မပျက်နေသော်လည်း တကယ့်အရေးကြီးသည့်နေ့ဖြစ်သော ရောင်စဉ်မင်္ဂလာပွဲနေ့ညနေတွင် မျက်နှာအတော်‌မကောင်းရှာပေ။ခန်းမထဲတွင်သတို့သားသတို့သမီးက ဧည့်သည့်များကိုဧည့်ခံနေစဉ် သူမကခန်းမအပေါ်ဆုံးထပ်ကိုတက်ကာ ဘယ်ချိန်ကထည့်ယူလာလိုက်မှန်းမသိသောစီးကရက်ကို အားရပါးရဖွာနေခဲ့သည်။သူမ၏အသည်းပန်းလေးမှာ မပွင့်ခင်ကတည်းက နွမ်းခဲ့ပြီ‌ သို့ဖြစ်‌၍ စိတ်ထွက်ပေါက်တော့ရှာရတော့မည်။စီးကရက်ကိုလေတဖြူးဖြူးတိုက်နေသော ခန်းမအပေါ်ဆုံးထပ်တွင်ဆက်တိုက်ဖွာနေခဲ့သည်။

          မကြာမီအထူးတစ်‌ယောက်တက်လာပြီး သူမအားနောက်မှပုခုံးကိုလက်တို့လိုက်ရာ -

"မမ မမပျောက်လို့အထူးလိုက်ရှာနေတာ"

"ဟိုမှာသတို့သားနဲ့သတို့သမီးကအကုန်ပြီးလို့ ချောင်းသာကိုဟန်းနီးမွန်းသွားတော့မလို့ ကားတောင်အောက်မှာရောက်နေပြီ"

"ဪ သွားကြတော့မှာလား"

ဟူသည့်စကားကိုလေးလံစွာပြောချလိုက်ပြီး ဆေးလိပ်ကိုဆက်ဖွာနေသည်။အထူးသူမကြည့်ရင်း တစ်စုံတစ်ခုကိုသဘောပေါက်ဟန်ဖြင့် -

"မမ မန္တလေးတုန်းက အထူးမမကိုသေချာမှပြောမယ်ဆိုတာ အခုပြောမယ် သေချာလို့"

"မမ ရောင်စဉ်ကိုချစ်မိခဲ့တာမဟုတ်လား"

"အထူးကအခြောက်မ အထူးကိုမမမလိမ်နဲ့"

        စီးကရက်သောက်နေရင်း အသက်မပါသောခပ်မဲ့မဲ့အပြုံးဖြင့် စီးကရက်ကိုလက်ကြားညှပ်ထားလိုက်ပြီး -

တုံးခု၍လှမ်း သည်းဦးပန်း(Completed)Donde viven las historias. Descúbrelo ahora