📌Edit - စာပြန်ပြင်ထားပါတယ်။
Part - 4
My Oleander Hubby" မိုးရေထဲမှာ ဘယ်အချိန်ထဲကထိုင်နေ
တာလဲ ရာဇ် ၊ လူက ပြာနှမ်းနေပြီ ၊ ဘာလို့
အိမ်ထဲဝင်မနေတာလဲကွာ ၊ ပေလိုက်တာလဲ
လွန်ရောပဲ ၊ လာ အိမ်ထဲဝင်ရအောင် ၊
မင်းကိုကြည့်ရတာ အရမ်းချမ်းနေတဲ့ပုံမှန်း
သိသာနေတယ် "တကယ်ပဲ ကိုယ့်ကိုမော့ကြည့်လာတဲ့မျက်ဝန်း
တွေက ခါတိုင်းလိုမတောက်ပတော့ပဲ
ဖျော့တော့လို့ ။ နှုတ်ခမ်းလေးတွေကလဲ
ပြာနှမ်းနေကာ တဆက်ဆက်တုန်ရီနေသည် ။
ဘယ်အချိန်ထဲက အိမ်ရှေ့ကိုရောက်နေတာပါလိမ့် ။
ကိုယ်က အလုပ်ပြန်ချိန်အမြဲနောက်ကျတက်ပေမယ့်
ဒီနေ့တော့ အချိန်အခါမဟုတ် မိုးတွေရွာလာပြီး
အေးနေလို့ နည်းနည်းစောပြန်လာမိတာ ။
ဒါကပဲ ကံကောင်းသွားတယ်ထင်ပါရဲ့ ။
ကိုယ်က အိမ်ထဲဝင်ဖို့ပြောနေပေမယ့် ဒင်းလေးက
ထိုင်နေရာကနေ တုတ်တုတ်တောင်မလှုပ်ဘဲ ---" လူကြီး ကျွန်တော်လေ "
စကားပြောဖို့ပြင်နေတဲ့ သူ့နှုတ်ခမ်းပါးတွေပေါ်
ကိုယ့်လက်ညှိုးတစ်ချောင်းဖြတ်တင်လိုက်ရင်း ---" အခုချိန်က စကားပြောသင့်တဲ့အချိန်အခါ
မဟုတ်သေးဘူး ၊ အိမ်ထဲဝင်ရအောင် ၊ အိမ်ထဲ
အရင်ဝင်ပြီး ပထမဆုံးအနေနဲ့ မင်းရောကိုယ်ရော
နွေးနွေးထွေးထွေးနေရမယ် ၊ မင်းဘာပြောချင်နေလဲ
ကိုယ် မသိသေးပေမယ့် အားလုံးအဆင်ပြေစေ
ရမယ် ၊ ဟုတ်ပြီလား ၊ ကိုယ့်ကိုယုံရင် အခု
ချက်ချင်းထပြိီး အိမ်ထဲလိုက်ခဲ့ပေး ၊ မင်းဘာသာ
ထပြီးမလိုက်ဘူးဆိုရင် ကိုယ်ချီခေါ်သွားရလိမ့်မယ် "စကားစဖြတ်ပြီး လက်တစ်ဖက်ကနေဆွဲထူလိုက်
တော့ ယိုင်နဲ့နဲ့ခြေထောက်တွေနဲ့ ထပြီရပ်လာရှာ
သည် ။ ချီခေါ်ခံရမှာတော့ စိုးရိမ်သား ။ ကားထဲ
ရောက်တဲ့အထိ နောက်ထပ်ဘာစကားမှ မပြော
နိုင်သေး ။အိပ်ထဲရောက်တာနဲ့ ကိုယ့်အခန်းထဲတန်းဝင်
လိုက်ကာ ---" အဝတ်အစား အရင်လဲရအောင် ရာဇ် ၊
တော်ကြာနေ မင်းပြန်ဖျားလိမ့်မယ် "
YOU ARE READING
My Oleander Hubby ( Completed )