Part - 13
My Oleander Hubby
တဆစ်ဆစ်ထိုးကိုက်နေတဲ့ နားထင်ကြောတွေကို
အသာလေးဖိထားလိုက်ရင်း ငြိမ်နေလိုက်မိတယ် ။ ညက သောက်တာဘယ်လောက်တောင် များသွားလဲသာမသိ ။ နိုးလာတဲ့အချိန်မှာ လူကလုံးဝကို
မဟန်နိုင်ဖြစ်နေတာ ။ တစ်ခါမှ ညကလောက်
မသောက်ခဲ့ဖူးတာလဲ ပါမှာပေါ့ ။အိပ်ယာထဲကမထနိုင်တဲ့ကိုယ့်မှာ ဟိုဘက်
ဘက်ဘက် လူးလွန့်နေမိသည် ။ ညက ဟိုလူ
ကြီးပဲ ကိုယ့်ကို အခန်းထဲခေါ်ထည့်ပေးတာလား။
ဒါကိုလဲ သေသေချာချာမမှတ်မိ ။" ရာဇ်! !! အိပ်ယာနိုးရင် ထပြီးရေချိုးတော့ "
နိုးတာနဲ့ ဒီစောက်သံကို စပြီးကြားရပါပြီ ။
မကြားသလိုမျိုး ဆက်ပြီအိပ်နေပေမယ့်
ရုတ်တရက် ကိုယ့်ခြေထောက်တွေဆီကို
တဆက်ဆက်နဲ့ လာထိတဲ့အထိအတွေ့ ။" သက္ကရာဇ် !!! အိပ်ရာကနေထတော့လို့
ပြောနေတာကို မကြားဘူးလား ၊ အန်ဖက်ဆို့
ပြီး သေမှာစိုးလို့ ငါမှာ ညကလဲတစ်ညလုံး
မအိပ်ပဲနဲ့ ငုတ်တုတ်ထိုင်ပြီးတော့ကို
စောင့်ပေးနေရတယ် ၊ ဒီမနက်လဲ မင်းအိပ်ယာ
ကမနိုးမချင်း အလုပ်မသွားရသေးဘူး ၊
ထတော့ !! ထပြီးရေချိုးလိုက် "သူ့ဘာသာ ပြောချင်ရာသာပြော ၊ ကိုယ်က
မသိသလို မကြားသလိုနေနေတာကြောင့် ---" သက္ကရာဇ် !! ငါ နောက်တစ်ခွန်းထပ်ပြီး
မနှိုးချင်ဘူးနော် ၊ ထပေတော့ဆို ၊ ငါမှာ
အလုပ်တွေရှိသေးတယ် ၊ ထတော့ မြန်မြန်လေး "ကိုယ့်ခြေထောက်ဆီကို လာထိနေတဲ့ အထိ
အတွေ့နဲ့အတူတူ အသံတွေကလဲ အဆက်
မပြတ်မို့ မျက်လုံးဖွင့်ကြည့်လိုက်တော့
ဦးသိဒ္ဓိက ကုတင်အစပ်က ကိုယ့်ခြေထောက်
တွေကို သူ့ခြေထောက် နဲ့ကန်ပြီး အိပ်ယာနှိုး
နေတာ ။ကိုယ့်ကိုလာကန်နေတာမို့ ဒေါသထွက်လာပြိီး
ခြုံထားတဲ့စောင်ကို ဆွဲခွာလိုက်ကာ ကိုယ့်
အသားကိုလာထိနေတဲ့ သူ့ခြေထောက်
တစ်ဖက်ကို ကိုယ့်ခြေထောက်နဲ့ပြန်ပြီး
စောင့်ကန်ပေးလိုက်ပါတယ် ။တဖက်က ကိုယ့်ကို စနောက်ကန်နေတာ
ဖြစ်ပြီး ၊ ကိုယ်ကတော့ အားထည့်ကာ
အမှန်အကန်ပြန်ကန်ထုတ်လိုက်တာ ။
စောက်ကြောမတည့်တဲ့အထဲမှာ အဲလို
မထိတထိ လာလာစတာတွေလဲပါတယ်။
ကန်ချက်က ပြင်းတာကြောင့် မက်တပ်ရပ်
နေတဲ့ ခန္ဓာကိုယ်က ယိုင်ထွက်သွားရတဲ့
ဦးသိဒ္ဓိ ။ လဲကျမလိုဖြစ်သွားပေမယ့်သူ့ဘာသာ
ဟန်ချက်ပြန်ထိန်းလိုက်ရင်း ---
YOU ARE READING
My Oleander Hubby ( Completed )