Part - 35
My Oleander Hubby
အသဲပုံလော့ကတ်လေးရဲ့တစ်ဖက်တစ်ချက်စီမှာ
မြင်လိုက်ရတာက ကိုယ့်ရဲ့ဓာတ်ပုံလေးနဲ့အတူတူ
လေးနှစ်တာကာလလုံးလုံး ကိုယ့်အနားကနေပျောက်ကွယ်သွားတဲ့ ချစ်ရတဲ့ရာဇ် ။ ဒါဆိုရင် ဒီကလေးက ကိုယ်နဲ့ ဘယ်လိုပတ်သက်နေသလဲ ။သွေးသားတော်စပ်မှုကို တိတိကျကျမသိရသေး
သည့်တိုင် အပြင်ပန်းရုပ်ရည်ဟာ ကိုယ့်ရဲ့ငယ်စဉ် ကလေးဘဝကို ဓာတ်ပုံထဲမှာပြန်ပြီးမြင်လိုက်ရသလိုမျိုးခံစားရသည် ။ ဒီကလေးလေးဟာ ကိုယ်နဲ့
တစ်ပုံစံထဲ တူလွန်းလှလေသည် ။ ကလေးကို
မျက်နှာချင်းဆိုင်ပြိီး မျက်လုံးချင်းဆုံစေကာ ---" သားသား ကို မေးစရာရှိတယ် "
" ဝှိုင်း! !! "
မပီကလာစကားသံလေးနဲ့အတူတူ Why လိုပြန်မေးလာပုံက ကိုယ့်ရဲ့ရင်ခုန်သံတွေကိုဝုန်းဒိုင်းကြဲစေ
သည် ။ ဒါက ရာဇ် အမြဲပြုမူနေကျ အပြုအမူလေးမို့လား ။" သား ပါးပါးနာမည်က ဘယ်သူလဲဟင် "
ကလေးက ပြုံးရွှင်စွာနဲ့ပဲ ---
" ပါးပါး တတ်ကရာဇ် ပါ ခင်ဗျ "
" သက္ကရာဇ် ဟုတ်လား "
" ဟုတ်တဲ့ "
" သားသား ဒယ်ဒီနာမည်ကရော ဘယ်လိုခေါ်လဲ "
ကိုယ်မေးလိုက်တဲ့စကားကြောင့် ကလေးကမျက် လုံးလေးပြူးပြီးပြန်ကြည့်လာသည် ။ တစ်ခုခုကို
အသဲအသန်စဉ်းစားနေပုံလေး ။ တော်တော်ကြာတဲ့အထိ စဉ်းစားမရတဲ့ပုံကြောင့် မျက်ရည်တွေရစ်ဝိုင်းလာပြီး ကိုယ့်ရင်ဘက်ကို သူ့လက်ညှိုးလေးနဲ့
အဆက်မပြတ်ထိုးလာကာ ---" တားတား တယ်တီက ဒီမှာပါချို ၊ တားတာက ညာ
တက်ဘူးရို့ တတယ်ပြောနေရာ "ကလေးက လက်ညှိုးလေးတတိုးတိုးနဲ့ ရှိုက်ကြီးတ
ငင်ကို ငိုလာတာကြောင့် ရင်ခွင်ထဲဆွဲသွင်းပြီးဖတ် ထားလိုက်မိသည် ။ ဒီလိုကျတော့ ကိုယ့်ပခုံးပေါ်
ခေါင်းလေးတင်ပြီး ရှိုက်နေရှာသည် ။ ကလေးကို
ချီပြီး မက်တပ်ရပ်လိုက်ကာ ----" ဒီက ဦးထွန်းရော တီချယ့်ကိုပါ ကျွန်တော်တစ်ခုလောက် အကူအညီတောင်းပါရစေခင်ဗျာ ၊ ဒီကလေးနဲ့ပတ်သက်ပြီး ကျွန်တော်သိခွင့်ရှိသလောက်လေး သတင်းလေးတွေသိချင်လို့ပါ ၊ ပြောလို့မရတာမျိုးကိုလဲ ချန်ထားလို့ရပါတယ်ဗျာ ၊ ကျွန်တော်နားလည်ပါတယ် ၊ ကျွန်တော်ဘက်ကလဲ အခုလောလော
ဆယ်အနေနဲ့ ဘာမှအများကြီးပြောလို့မရသေးပေ
မယ့် သတင်းတွေနဲ့ပတ်သက်ပြီး ဘာပြဿနာမှ
ရှိမလာစေရပါဘူးလို့လဲ အာမခံပါတယ် ၊
ကျွန်တော်အတွက် တကယ်ကိုအရေးကြီးနေလို့ပါ "
YOU ARE READING
My Oleander Hubby ( Completed )