Part - 19
My Oleander Hubby
" သက္ကရာဇ် ရေ! !! ဆရာက အားတဲ့အချိန်
သူ့ရုံးခန်းကို ခဏလောက်လာခဲ့ပါဦးတဲ့ "ဓာတ်ပုံရိုက်ပြီးလို့ ထိုင်နေတဲ့အချိန်မှာ လာပြော
တဲ့ မနှင်းစကားကြောင့် ----" ဟုတ်ကဲ့ !!ဟုတ်ကဲ့မနှင်းရေ ကျွန်တော့်
အ လှည့်ကပြီးနေပြီမို့ အခုအားသွားပြီ ၊ သွား
လိုက်မယ် "ဒီနေ့က ရာဇ် ရဲ့ ဒုတိယအကြိမ်မြောက် Photo
ရှုတင်ရှိနေတာပါ ။ ပထမအကြိမ် Photo ရှုတင်
တုန်းကရိုက်ခဲ့တဲ့ အဝတ်အစားတံဆိတ်တွေဟာ
ဈေးကွက်ထဲမှာ ပစ္စည်းပြတ်သွားတဲ့အထိ
ရောင်းအားကောင်းခဲ့တာမို့ အခုဆို တစ်ချိုသော
လုပ်ငန်းရှင်တွေက တက်သစ်စModel တွေ
နဲ့အတူတူ ရာဇ်ကိုပါ မျက်စိကျလာကြသည် ။တစ်ချို့က သူတို့လုပ်ငန်းတွေကို ကြော်ငြာပေးဖို့
အတွက် လာရောက်ငှါးရမ်းကြပေမယ့် Zinnia
ကသာကိုယ့်ရဲ့ မူရင်းလက်တွဲခဲ့သည့် ကုမ္မဏီဖြစ်
တာကြောင့် လုပ်ငန်းခွင်လုပ်ပိုင်ခွင့်များသည် Zinnia ပေါ်မှာသာ အများကြီးမှီတည်နေပါသည်။ရာဇ် ကိုယ်တိုင်ကလဲ အလုပ်တွေအများကြီး
ကနေရမယ့် ငွေကြေးအကျိုးအမြတ်ထက်
စိတ်ချမ်းသာမှုကိုသာလိုချင်တာကြောင့်
ဘယ်အရာကိုမှ လောဘကြီးနေတာမျိုးမရှိပါ ။" ဆရာကို ကျွန်တော်ရောက်နေပြီလို့ ပြောပေး
ပါဦး "ကိုဇျာန်ရဲ့အတွင်းရေးမှူးမဖြူစင်က ဖုန်းနဲ့ရုံးခန်း
ထဲကို အကြောင်းကြားပေးပြီးတဲ့အချိန် ----" ဝင်လာခဲ့တဲ့ သက္ကရာဇ် ရေ "
" ဟုတ်ကဲ့အမ "
ရုံးခန်းထဲဝင်သွားတာနဲ့ Sofa ခုံမှာ အဆင်သင့်
ထိုင်နေတဲ့ ကိုဇျာန့်ကိုတွေ့လိုက်ရတာကြောင့် ---" မင်္ဂလာပါ အကို "
" မင်္ဂလာပါဗျာ လာ!!! ထိုင်ဦး "
ကိုဇျာန်က သူ့အရှေ့ကခုံကိုညွှန်ပြလိုက်ရင်း
တဆက်ထဲမှာပဲ သူထိုင်နေတဲ့ခုံရဲ့ဘေးဘက်က
ခုံမှာရှိတဲ့ ခလုတ်လေးကိုဖိလိုက်ကာ ---" ဖြူစင်ရေ ဆရာနဲ့ သက္ကရာဇ်အတွက် နေ့လည်
စာလေးကို တစ်ခုခုစီစဉ်ပေးပါဦး "
YOU ARE READING
My Oleander Hubby ( Completed )