Part - 12
My Oleander Hubby
လူစိတ်ပျောက်အောင်မူးနေတဲ့ကောင်ကို
အခန်းထဲပွေ့ခေါ်လာတော့ ပါးစပ်က ဝူးဝူးဝါးဝါးနဲ့ ဘာတွေပြောနေမှန်းမသိ ။ ဆိုဖာပေါ်မှာနေရာ
ကျအောင်ချပေးပြီး ညစ်ပေနေတဲ့ကိုယ့်အင်္ကျီကို
အရင်ချွတ်ပြီး အမှိုက်ခြင်းထဲ တစ်ခါထဲပစ်လိုက်ရ
တယ် ။ ပြီးမှာ ကိုယ်လက်သန့်စင်ပြီး အမူး
ကောင်ကို သန့်ရှင်းရေးလုပ်ပေးဖို့ပြင်ရပြန်ပါ
တယ် ။ သက္ကရာဇ်တို့ကတော့ အမြဲတမ်းပဲ
ကိုယ့်ကို အနိုင်နဲ့ပိုင်းဖို့ တွေးထားပုံရတယ် ။ သူ့ဘာသာ မူးပြီးအိပ်တာတောင် ကိုယ်ကို့
အလုပ်ပေးခဲ့တုန်း ။ တကယ့်ကောင် ။နံစော်ညစ်ပတ်နေတဲ့အင်္ကျီကိုချွတ်ပြီး ရေစို
အဝတ်နဲ့ တစ်ကိုယ်လုံးပွတ်သတ်ပေးတော့
ရေအေးအေးရဲ့အထိအတွေ့ကြောင့် အမူးသမား
က လူးလွန့်လာသည် ။ ခါးအောက်ပိုင်းက
ဘောင်းဘီကိုဆွဲချွတ်တော့ ငမူးကောင်က
မမှီတာတောင် အတင်းလိုက်ပြန်ဆွဲနေရင်း ---" ဘာလို့ ကျွန်တော့်ဘောင်းဘီကိုချွတ်နေတာလဲ ၊ ခင်ဗျား မဟုတ်တာတွေမကြံနဲ့နော် "
ရာဇ် တို့က မူးသာမူးတယ် သူခံရမှာတော့သိတဲ့
အမူးပါး ။ ကိုယ်က စိတ်မရှည်လို့အတင်း
ဆွဲချွတ်လေ သူက အတင်းရုန်းကန်နေလေမို့
စိတ်မရှည်တော့ပဲ --"သက္ကရာဇ်!! ငါစိတ်မရှည်တော့ဘူးနော် ၊
မင်းကို ဘာမှမလုပ်ဘူး ၊ အဝတ်အစားတွေလဲ
ပေးမလို့လေ ၊ ကိုယ့်ကိုကိုယ်လဲအနံ့ခံကြည့်ဦး ၊
အမှိုက်ပုံနံ့ထွက်နေပြီ ငြိမ်ငြိမ်နေ ၊ ထပ်ပြီးရုန်းကန်
နေမယ်ဆိုရင် ငါ ဝရန်တာကနေ ကန်ချလိုက်တော့မယ် ၊ တကယ်ပြောတာ "ရာဇ်က သူ့ကိုကန်ချမယ်ပြောလို့ပဲလားမသိ
တစ်ခါထဲငြိမ်ကျသွားပြီး မျက်လုံးမှေးမှေးနဲ့
ကိုယ့်ကိုလိုက်ကြည့်နေတော့သည် ။ ကိုယ်က သူ့အဝတ်အစားတွေကို အသစ်လဲပြီး အကုန်ပြန်
ဝတ်ပေးပြီးမှ ကုတင်ပေါ်ခေါ်ဖို့အတွက် ပွေ့ချီ
လိုက်တော့ ---" ဟေ့လူကြီး ဘယ်ကိုသွားဖို့လဲ ကျုပ်မလိုက်ဘူး
နော် ၊ ချပေး ကျုပ်ကိုအောက်ပြန်ချပေး ၊ ငါ -ိုးမသား အခွင့်အရေးသမားကြီး ၊ အခုပြန်ချပေး "
YOU ARE READING
My Oleander Hubby ( Completed )