Part -46

51.4K 2.3K 119
                                    

Part - 46

                 My Oleander Hubby

" ဒယ်ဒီ! !"

သားဆီကနေ ခပ်တိုးတိုးလှမ်းခေါ်လာတဲ့
အသံကြောင့် မျက်လုံးထောင့်ကပ်ပြီး လှမ်းကြည့်
လိုက်သည်။ သားကတော့ ကိုယ့်ကိုမျက်ခုံး
တစ်ချက်ပင်ပြလာရင်း အသံမထွက်စေပဲ
နှုတ်ခမ်းလှုပ်ယုံလေးနဲ့စကားပြောလာ၏ ။
အသံမကြားရပေမယ့် သူဘာတွေပြောတာ
လဲဆိုတာ ကိုယ်ကသိနေသည်။

" ဒယ်ဒီ !!! ပြောပေးတော့လေ "

သူ့ပါးပါးက မနက်ဖြန်မနက်မှာလုပ်မယ့်
အလှူအတွက်ပြင်ဆင်နေတာကြောင့် ကိုယ်နဲ့
သားက သူ့အနားတစ်ဖက်တစ်ချက်မှာ မျက်နှာ
ချင်းဆိုင်ထိုင်နေတာမို့ သားဖသုံးယောက်က
ဝိုင်းပြီးထိုင်နေသည့်ပုံစံဖြစ်နေသည် ။ သားရဲ့
လေသံအတိုင်းပဲ ကိုယ်ကလဲအသံမထွက်ဘဲ
ပါးစပ်လှုပ်ရုံမျှပြန်ပြောလိုက်သည် ။

" ခဏနေပါဦးကွ မင်းကလဲ "

ကိုယ့်စကားကြောင့် သားမျက်နှာကရှုံ့ရှုံ့တွတွ ။
သားဖနှစ်ယောက်ရဲ့ မျက်နှာအမူအရာနဲ့
စစ်အေးတိုက်နေတာကို သူ့ပါးပါးမသိနိုင်ဘူး
အထင်နဲ့ နှစ်ယောက်သား အသံမထွက်ပဲ
အပြန်အလှန် စကားပြောနေတုန်းမှာပဲ ----

" သားဖနှစ်ယောက် ဘာဖြစ်နေတာလဲ "

မျက်မှန်ကိုချွတ်ပြီး အရှေ့မှာရှိနေတဲ့ ခုံပေါ်ကို
တင်လိုက်ကာ မေးလာတဲ့ ရာဇ်ရဲ့စကားကြောင့်
ဂျွန်ရောကိုယ်ပါ မျက်နှာပိုးသတ်လိုက်ကျသည် ။
ရာဇ်က သားနဲ့ကိုယ့်ကို တလှည့်စီကြည့်လာတဲ့
အချိန်မှာတော့ မီးကိုရေနဲ့ဖြန်းလိုက်သလို
ချက်ချင်းပြငြိမ်ကျသွားရလေပြီ ။ ဒီအိမ်ရဲ့
အိမ်ကြီးရှင်ကို မကြောက်တဲ့သူ ဘယ်သူရှိမလဲ
လေ ။

" ဂျွန့်ဒယ်ဒီ! သားနဲ့ ဘာတွေဖြစ်နေတာလဲ "

နောက်ဆုံးတော့ မေးခွန်းတွေက ကိုယ့်ဆီဦး
တည်လာလေပြီ ။ သားကို အံတစ်ချက်ကြိတ်
ပြလိုက်ပြီး ရာဇ်ကိုတော့ မျက်နှာချိုသွေးရီပြ
လိုက်ရသည် ။

" ဂျွန့်ဒယ်ဒီ !! သားနဲ့ဘာတွေပြောနေတာလဲ
ဆိုတာကို မေးနေတယ်လေ "

မလျော့မတင်းလေသံနဲ့ နှစ်ခါမြောက်မေး
လာတဲ့ကိုယ့်ရဲ့ အမျိုးသားလေးအသံက
သုံးခါမြောက်မေးရရင် သေမယ့်သာပြင်လို့
ချိန်းခြောက်နေတော့သလိုပင် ။ နောက်ဆုံး
တော့ သားတော်မောင်ငမွှေသီးရဲ့ အရှုပ်ထုပ်ကို
ခေါင်းဝင်ခံဖို့ပြင်ရလေတော့၏ ။

My Oleander Hubby ( Completed ) Tempat cerita menjadi hidup. Temukan sekarang