📌Edit - စာအနည်းငယ်ပြင်ထားသည်။
Part - 5
My Oleander Hubby
" ရာဇ်! !! "
ကိုယ့်ခေါ်သံကြောင့် သီချင်းနားထောင်နေတဲ့ ရာဇ်က လှည့်ကြည့်လာတဲ့အခါ ---
" ကိုယ့်ရဲ့ရှေ့နေကို ဦးထိုက်မောင်တို့ဆီ လွှတ်ထားတယ် ။ ရာဇ် ကိုကြိုမပြောခဲ့တာက တဖက်ကလူတွေဘာပြောမလဲ အရင်နားထောင်ချင်လို့ ၊ အစထဲက ပြဿနာရှာချင်နေတဲ့သူတွေဆိုတော့လေ ၊ ရာဇ်ကို မပြောခဲ့ဖူးဆိုတာက ဟိုဘက်မှာအဆင်မပြေဖြစ်လာရင် ကိုယ့်ကောင်လေးပဲစိတ်ညစ်ရမှာစိုးတာ "
" အခုရော သူတို့က ဘာပြောလဲ "
ကိုယ့်ကိုမေးလာတဲ့ပုံစံထဲမှာ မျှော်လင့်ချက်တွေတနင့်တပိုးထည့်ထားမှန်း သိသာနေတာမို့ ပြုံးပြလိုက် ရင်း ---
" ကိုယ်က ဘယ်သူမို့လို့လဲ အဆင်မပြေရအောင်လေ ၊ တစ်ချက်ထဲနဲ့ ပွဲသိမ်းပဲ ၊ စိတ်အေးအေးထားလိုက်လို့ရပြီ ဟုတ်လား "
ကိုယ့်စကားအဆုံးမှာ ရာဇ်က မျက်နှာကိုမဲ့ပြလာရင်း---
" ခင်ဗျားကြီးတော်မှန်းသိတယ် အဲလောက်ကြွားမနေနဲ့ သေအောင်ကြွားချင်နေတာ ငကြွားကြီး "
" ဖောက်!! ဖောက်!! "
ပီကေဝါးရင်းနဲ့ စကားပြောနေတဲ့ကောင်လေးအနားကို လျှောက်သွားလိုက်ရင်း ---
" ကိုယ့်ကို ခင်ဗျားကြီး ခင်ဗျားကြီးနဲ့ ခေါ်နေတာတော့ မဟုတ်သေးဘူးထင်တယ် ၊ လူကြားလို့လဲမကောင်းဘူး ၊ နောက်ပြီး ကိုယ်နဲ့မင်းက အသက်နှစ်နှစ်ကျော်ပဲကွာတာလေ ၊ အခေါ်အဝေါ်လေး ပြင်ပါဦး ၊ မသကာ ကိုကိုဆိုတာလေးလောက်ပေါ့ "
" ကိုကိုဆိုပဲ ၊ ဝေါ့ !! ကြားရတာနဲ့တင် အန်ချင်လိုက်တာ ၊ လူကြီးလို့ခေါ်တာက လူကြားလို့မကောင်းရအောင် ကျုပ်က လမ်းလေးခွဆုံတဲ့နေရာမှာ လော်နဲ့ထွက်အော်နေတာမှမဟုတ်တာ ၊ မပြင်နိုင်ဘူး ၊ ပြင်စေချင်ရင် ဦးစစ်မင်းသိဒ္ဓိလို့ခေါ်မယ် "
" အာ ရပြီ ရပြီ လူကြီးခေါ်တာလဲ အဆင်ပြေတယ် ၊ နာမည်တော့ကိုင်ပြီးမခေါ်ပါနဲ့ကွာ "
" ဖောက်! ဖောက်! "
" ရာဇ်! "
" ဘာလဲ !"
YOU ARE READING
My Oleander Hubby ( Completed )