Part - 27
My Oleander Hubby
" မာမီ !!!! "
လူကြီးဆီကနေ အလန့်တကြားထွက်လာတဲ့အသံ ။
" ခင်ဗျား!! ခင်ဗျား !!ကျုပ်ပါးကိုရိုက်ရဲတယ် ဟုတ် လား "
လူကြီးမာမီက သူ့သားဘက်ကိုလှမ်းကြည့်လိုက်ရင်း ---
" စစ်မင်း! !! မာမီ့ကိုလာမအော်နဲ့ ၊ ကိုယ်အရှေ့မှာ
ကိုယ့်သားကိုဆဲနေတာ ဘယ်လိုအမေကမှ လက်မခံနိုင်ဘူး ၊ နင်ကရော ဘာဖြစ်ချင်လဲ ၊ ဘာလဲ နင့်ပါးကိုရိုက်လို့ ဒေါသထွက်သွားတာလား ၊ ငါကတော့
နင့်အသားကိုထိမိလို့ ရွံတယ်နော် ၊ အောင်တန်းစား
အစုတ်အပျက်လိုကောင် "ဒေါသကြောင့် လူတစ်ကိုယ်လုံးက နတ်ပူးနေသလိုတဆက်ဆက်တုန်ရင်လာရသည် ။ စိတ်ရှိလက်ရှိ
ကိုယ့်စိတ်ကိုလွှတ်ပေးလိုက်မယ်ဆိုရင် လူသတ်ပွဲ
တွေတောင်ဖြစ်လာမလား ။ မျက်လုံးကိုမှိတ် ၊ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး စိတ်ငြိမ်အောင်ကြိုးစား
နေတဲ့အခိုက်အတန့် ---" ရာဇ်! !!! စိတ်လျှော့လိုက်နော် ၊ ကိုယ်တို့ဒီပြဿနာကို အေးအေးဆေးဆေးဖြေရှင်းရအောင် ၊ မင်းနဲ့ကိုယ်နဲ့ပဲ ရှင်းကျမယ် ၊ မာမီလဲ ကျေးဇူးပြုပြီး
ကျွန်တော်တို့ကြားထဲဝင်မပါပါနဲ့ ၊ ကျွန်တော် တောင်းပန်တယ် ၊ အခုဆိုရင် အရှေ့က ပြဿနာတစ်ခုကိုပြေလည်အောင်မရှင်းရသေးဘူး ၊ နောက်ထပ်
ပြဿနာတွေက ထပ်ထပ်ပေါ်လာတော့ ကျွန်တော် ဘယ်လိုလုပ်ရမလဲ ၊ ကြာရင် ကျွန်တော်လဲရူးတော့မယ် ၊ ကျွန်တော့်ဘက်ကိုလဲ နည်းနည်းလေးငဲ့ကြည့်ပေးပါဦး "အသံတွေကိုကြားနေရသည့်တိုင် အသက်ကိုပြင်းပြင်းရှူလိုက်နေကာ မျက်လုံးကိုမှိတ်ထားမြဲ ။ တော်တော်လေးစိတ်ငြိမ်သွားကာမှ မျက်လုံးပြန်ဖွင့်ကြည့်လိုက်ကာ ----
" ကျုပ်ကို မိမရှိဖမရှိ အရိုင်းအစိုင်း အစုတ်အပျက်ကောင်လို့ ခင်ဗျားပြောလိုက်တယ်ပေါ့ ၊ ဟုတ်လား
ဒေါ်နန်းမာလာ !!! ကျုပ်က မိဘမရှိလို့် အရိုင်းအစိုင်းကောင်ဖြစ်ရတယ်ဆိုရင် ခင်ဗျားမှာရော မိဘရှိသေးလို့လား "လေသံအေးအေးနဲ့ စကားတစ်လုံးချင်းကို ခပ်ဖြေး
ဖြေးပြောက ကိုယ်မေးလိုက်တဲ့မေးခွန်းက ဒေါ်နန်းမာလာ ရဲ့အရှိုက်ကို တည့်တည့်ထိသွားစေပုံရ၏ ။
ဖြူဖွေးနေတဲ့ အသားအရည်ဟာ ဒေါသကြောင့်
ချက်ချင်းရဲတက်လာပြီး ကိုယ့်ကိုစားမတက်ဝါးမတက် စူးစိုက်ကြည့်လာကာ ----
YOU ARE READING
My Oleander Hubby ( Completed )