Part - 40
My Oleander Hubby
" သားကို ကိုယ်ပဲ ကျောင်းလိုက်ပို့ပေးရမလားဟင်"
" ကျောင်း တွားဘူးနော်! ! တွားဘူးချို တွားဘူး "
ကျောင်းဆိုတဲ့အသံကိုကြားတာနဲ့ ဂျွန်ပိစိတို့က
ခြေနှစ်ချောင်းလိမ်ပြီး ကောက်တော်မူလေပြီ ။
အားကိုးရှိမှန်းသိနေလို့ အရမ်းဆိုးပြနေသော
ဂျွန်ပိစိပါပဲ ။" ပါးပါးရေ ဂျွန်က ကျောင်းတွားချင်သေးဝူးလို့ ၊ ဒယ့်ဒီကို ကြောပေးဦး "
သူ့ဒယ်ဒီက ကျောင်းလိုက်ပို့မှာစိုးလို့ ကိုယ့်ကိုပါစစ်ကူလှမ်းတောင်းနေသေးသည် ။
" မိုးမလင်းသေးဘူး ၊ ခင်ဗျားတို့သားဖတွေက ဘယ်လိုဆူညံနေတာတုန်း "
" ကျောင်းတွားဘူး ၊ လုံးဝလုံးဝ တွားဘူးနော် "
" ဂျွန်နော် ဆိုးမလာနဲ့ ၊ ဆိုင်ကို ကိုယ်ဆူညံအောင်မလုပ်ဘူးနော် ၊ ဂျွန်လုပ်နေတာ "
ကိုယ့်အသံနဲ့အတူတူ သားရဲ့အသံကနောက်ပါးဆီကနေ လူကြီးရဲ့ အသံကပါ ပျံ့လွင့်လာပြီး ကိုယ်ရှိနေတဲ့ နေရာဆီကို နှစ်ယောက်သားပြေးလာသည် ။
ကိုယ်ကတော့ ဆိုင်လေးထဲမှာ ကော်ဖီလာသောက်သူတွေပြည့်နေတာကြောင့် ကျောင်းလိုက်ပို့ရမလားကို တိုးတိုးလေးမေးလိုက်မိတာပါ။ သားကတော့ အာဗြဲကြီးနဲ့အော်ပြီးမှ အနားကိုရောက်ချလာတာ။
ဆိုင်အပြင်အဆင်နှင့် ကော်ဖီကောင်းကောင်းကို
တွဲပြီး အေးအေးဆေးဆေး အနားယူချင်တဲ့သူတွေသာ လာရောက်ကျတာများတဲ့ဆိုင်လေးမို့ ဆူညံသံတွေလုံးဝရှိမနေ ။ ဒါကြောင့်ပဲ ကိုယ်နဲ့သား ပြောလိုက်တဲ့စကားကို အနီးဆုံးဝိုင်းမှာရှိနေတဲ့ မိန်းကလေးတွေကကြားသွားပုံရသည် ။ကိုယ်နဲ့ရာဇ် အတူယှဉ်တွဲပြီး ရှိနေတဲ့နေရာဆီမျက်လုံးတွေဝေ့လာရင်း သားရှိနေတဲ့နေရာဆီကိုလဲ
မသိမသာ လှမ်းကြည့်တာကိုတွေ့လိုက်ရ၏ ။
အမျိုးသားနှစ်ယောက်ကို ပါးပါးနဲ့ ဒယ်ဒီလို့အော်ခေါ်နေတဲ့ကလေးငယ်လေး ။ ခေတ်ကာလမိန်းကလေးတွေမို့ အခြေအနေကို ချက်ချင်းသဘောပေါက်သွားပုံရ၏ ။ ရာဇ်မျက်နှာကတော့ နီရဲလာလေပြီ ။
YOU ARE READING
My Oleander Hubby ( Completed )