Part - 28
My Oleander Hubby
ချစ်ခြင်းမေတ္တာသည် ရိုးသားသူကို ထပ်ကာထပ် ကာရှုံးနိမ့်မှုများ ကြုံစေသည် ။ နှုတ်ကနေဖွင့်ဟပြီး
ကြင်ကြင်နာနာမပြောတက်ခဲ့လို့များ ကိုယ်ဟာ
အရာရာကို လက်လွှတ်ဆုံးရှုံးခဲ့ရလေသလားပေါ့ ။ ဒါမှမဟုတ် ကိုယ့်လိုလူအတွက် ထိုက်တန်တဲ့အချစ်တစ်ခုဟာ အစထဲကကို ဒီလောကမှာ မရှိခဲ့တာများလား ။နောက်ဆုံးမှာတော့ ကိုယ်ဟာ ဒေါ်နန်းမာလာပြောခဲ့သလိုဘဲ ဆွေမရှိမျိုးမရှိ ဘာအသိုင်းအဝိုင်းမှမရှိတဲ့ လူ့အောက်တန်းစားတစ်ယောက်ပါဘဲ ။ သစ္စာတရားဆိုတာ ကိုယ်လက်လှမ်းဖို့မမှီနိုင်တဲ့ ပင်မြင့်စံပန်းတစ်ပွင့်သာ ။ ကိုယ့်လိုကောင်အတွက် ဘယ်သူကများ တကူးတက အလေးထားဂရုစိုက်ပေးနေမှာလဲ ။ ရူးခဲ့တာပါ ။ ကိုယ်ဟာ ဦးနှောက်အခန်းပျက်နေတဲ့အရူးလိုကောင်ပါ ။ အချစ်ကိုရူးရူးမိုက်မိုက်
ကိုးကွယ်ချင်ခဲ့တဲ့ အရူးပေါ့ ။အားရအောင်ငိုလိုက်ရပြီးတဲ့နောက်မှာ မျက်ရည်ကထပ်ပြီးထွက်မလာတော့ဘူး ။ စာရွက်တွေကိုနေရာတကျပြန်သိမ်းပြီးတဲ့နောက်မှာ အခန်းထဲကနေထွက်လာလိုက်သည် ။ ကိုယ့်အခန်ထဲကိုရောက်တော့မှ ဝရန်တာကိုထွက်ပြိီး စီးကရက် တစ်လိပ်ကို အားရပါးရဖွာရှိုက်လိုက်တယ် ။ ဘာဆိုဘာမှမတွေး
သေးဘဲ ဒီတိုင်းလေးဘဲ စီးကရက်တစ်လိပ်ကုန်အောင်ဖွာရှိုက်နေလိုက်သည် ။ ပြီးတော့နောက်ထပ်
တစ်လိပ် ။* ဆေးလိပ်ကို အရမ်းကြိုက်တာပဲလား ရာဇ် *
* လူကြီးကို ချစ်ရတာ ပိုပြီး ကြိုက်ပါတယ် ၊ ဆေးလိပ်နဲ့ပီကေကတော့ လူကြီးပြီးမှပေါ့ *
တစ်ချိန်က ပြောခဲ့ဖူးတာကိုသတိရမိပြီး ---
" အဟွန်း! !! ငါက တကယ်ကိုစောက်ရူးပဲ "
သူမကြိုက်မှန်းသိနေတဲ့ စီးကရက်ကို မသောက်ဖြစ်တာအတော်ကြာနေပြီလေ ။
နှုတ်ကနေဖွင့်ဟပြီး နာကျင်စွာရေရွတ်လိုက်မိသည်။ စီးကရက်ငါးလိပ်လောက်ကုန်သွားမှ ဘာဆက်လုပ်ရမလဲဆိုတာကို တွေးမိတယ် ။ ပထမဆုံး
အတွေးထဲဝင်လာတာက မေနှင်းရဲ့ကိုယ်ဝန်ကိစ္စ ။
ဒီအမျိုးသမီးမှာ ကိုယ်ဝန်ရှိနေမှန်းမသိအောင်ကို
ကိုယ်ဟာညံ့ဖျင်းလွန်းခဲ့သည် ။
YOU ARE READING
My Oleander Hubby ( Completed )