Part - 20
My Oleander Hubby
" ညနေ ဘယ်နှစ်နာရီအလုပ်ပြီးမှာလဲ "
ကုမ္မဏီအရှေ့မှာ ကားရပ်တာနဲ့ မေးလာတဲ့စကား ။
" ငါးနာရီလောက် "
" စောင့်နေ ငါအပြန်ဝင်ခေါ်မယ် "
" ပြီးရော "
ကိုယ်လဲ ကားပေါ်ကဆင်းတာနဲ့ လူကြီးက
ကားကိုချက်ချင်းမောင်းထွက်သွားသည် ။
ညက မွေးနေ့ကိစ္စ သူနဲ့ နည်းနည်းပြန်အဆင်
ပြေသွားတာနဲ့ ဒီမနက် အလုပ်ကိုလိုက်ပို့ပေးပြီး
အပြန်ကိုလဲ သူပဲလာကြိုမယ်တဲ့ ။ ကိုယ်လဲ သူနဲ့စကားမများရတာကို တော်တော်စိတ်ချမ်းသာ
တယ် ။ အနည်းဆုံးတော့ အလုပ်ကိုဖြောင့်ဖြောင့်
တန်းတန်းလုပ်လို့ရတာကိုး ။" ရာဇ် ရေ !!! ဒီနေ့တော့အကိုကြီးက အလုပ်ကို
လိုက်ပို့တယ်ပေါ့ "ကုမ္မဏီထဲ ဝင်လာလာချက်းပဲ မေးလာတဲ့
မနှင်းစကားကိုပြန်မဖြေပဲ ရီနေလိုက်မိတယ် ။
ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကို သေသေချာချာ
သိတာဆိုလို့ ကိုဇျာန်တစ်ယောက်ပဲရှိတာကိုး ။
လူကြီးနဲ့ပတ်သက်တဲ့အကြောင်းတွေကို တကူးတက ဖုံးကွယ်ထားတာမျိုးမဟုတ်ပေ
မယ့်လဲ အမှန်တရားကိုလဲ ဝန်ခံထားခြင်းမရှိ ။
သူတို့ဘာသာ အဆင်ပြေသလို တွေးပလေ့စေပေါ့ ။ လုပ်ငန်းခွင်နဲ့ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးကို ရောထွေးမနေချင်လို့ ပါးစပ်ပိတ်ထားယုံသက်သက်ပါပဲ ။" အော် မေ့တော့မလို့! !! ရာဇ် ရေ ဆရာ့ရုံးခန်းကို
အရင်သွားလိုက်ပါဦး ၊ ဆရာကမှာထားလို့ "" ဟုတ်ကဲ့မနှင်း ! ကျွန်တော် အခုပဲသွားလိုက်
မယ် "ရာဇ် လဲ မနှင်းကိုပြောပြီးတာနဲ့ ချက်ချင်းပဲရုံးခန်း
ဆီလာလိုက်သည် ။ တံခါးခေါက်လိုက်တာနဲ့
ဝင်ခဲ့ဆိုတဲ့အသံကြောင့် ဝင်သွားတဲ့အခါ အကိုက အလုပ်လုပ်နေရင်းကနေ မော့ကြည့်လာကာ ----" ရာဇ် တောင်ရောက်လာပြီလား "
" ဟုတ်ကဲ့ အကို "
" ခဏလေးထိုင်ဦးနော် ၊ အကိုအလုပ်လေးလက်
စသတ်လိုက်ဦးမယ် "" ဟုတ်ကဲ့ "
ရာဇ် လဲSofa မှာဝင်ထိုင်ပြီ Fashion မဂ္ဂဇင်း
တစ်အုပ်ကိုယူဖတ်ကြည့်နေလိုက်တယ် ။
ဆယ့်ငါးမိနစ်လောက်အကြာမှာတော့ ကိုယ့်အ
နောက်ကနေအသံကြားလို့လှည့်ကြည့်လိုက်တဲ့
အခါ မွေးနေ့ကိတ်လေးကိုကိုင်ပြီး ကိုယ့်ဆီ
လျှောက်လာတဲအကို ။ ကိုယ့်အရှေ့ကိုရောက်
သောအခါ ----
YOU ARE READING
My Oleander Hubby ( Completed )