[ Unicode ]
ဒီနေ့ဘေးအိမ်ကို မိသားစုတစ်ခုပြောင်းရွေ့လာတာမို့ ထိုအိမ်ကသဘောကောင်းတဲ့အန်တီကြီးကင်မ်ကကိုရီးယားဆန်မုန့်တွေလာပေးတယ် ဒါတော်တော်ကြာမှစားရတဲ့ဆန်မုန့်ပဲ ဘာလို့ဆိုအမေရိကန်လူမျိုးတွေက ဟန်းဂုအစားစာတွေနဲ့မရင်းနှီးကြသေးလို့ပါပဲ..
ချယ်ယောင်းကတော့ ကင်မ်မိသားစုချယ်ယောင်းတို့အိမ်ဘေးကိုပြောင်းလာတာကိုအရမ်းပဲသဘောကျပါတယ် ကင်မ်မိသားစုကတစ်ဦးတည်းသောသမီးဖြစ်တဲ့ဂျန်းနီရူဘီဂျိန်းကင်မ်လို့ခေါ်တဲ့မမကိုရောအများကြီးပဲသဘောကျပါတယ် ဒါကြောင့်ချယ်ယောင်းအားတဲ့အချိန်တိုင်းနောက်ဖေးပေါက်ကနေမမရူဘီကိုသွားသွားချောင်းဖြစ်တယ်လေ ။
နေ့တိုင်း ဒေစီပန်းတွေကိုလက်ထဲကိုင်ရင်းအိမ်နောက်ဘက်ကဒန်းပေါ်မှာထိုင်နေတတ်တဲ့မမရူဘီက ချယ်ယောင်းလိုကလေးတစ်ယောက်အမြင်မှာတောင်သိပ်ကိုလှပါတယ် ချယ်ယောင်းနဲ့မမရူဘီက ၇နှစ်ကွာတယ် ချယ်ယောင်းထက်အသက်ကြီးလဲချယ်ယောင်းကတော့ မမကိုဖြုတ်ပြီးဒီအတိုင်းရူဘီလို့ပဲခေါ်ခြင်နေတာပဲရယ်
သူ့ကိုအမြဲချောင်းနေတဲ့ချယ်ယောင်းကိုရူဘီကသိတယ် တစ်ခါတစ်လေအကြည့်ခြင်းစုံတဲ့အခါရှိသလို ရူဘီကသူမကိုမြင်ရဲ့သားနဲ့မသိခြင်ယောင်ဆောင်သွားတဲ့အခါလဲရှိတယ် ရူဘီကအကျင့်မကောင်းဘူး..။
" ချယ်ယောင်းလေးဆော့ခြင်ရင်ခြံတံခါးဖွင့်ပြီး မမနဲ့ဝင်ဆော့လေ မမကိုပဲကြည့်မနေနဲ့လာလာ "
ရူဘီ့မေမေကတော့တစ်ကယ့်ကိုကမ်ဘာပေါ်မှာသဘောအကောင်းဆုံးအန်တီပဲ..
" ချယ်ယောင်းကမမရူဘီကိုကြောက်လို့.."
တစ်ကယ်တော့ချယ်ယောင်းရူဘီ့ကိုမကြောက်ပါဘူး မကြောက်တဲ့အပြင်ရူဘီနဲ့ပဲအမြဲဆော့နေခြင်သေးတာ ဘာလို့ဒီလိုပြောလိုက်လဲဆို ချယ်ယောင်းကိုအမြဲမသိခြင်ယောင်ဆောင်နေတဲ့ရူဘီ့ကြောင့်ပါပဲ
" သမီးက ပြုံးပြုံးလေးနေလေကွယ် ကလေးတောင်ကြောက်နေပြီမလား "
" မနေခြင်ပါဘူး မနေခြင်ပါဘူး မာမီတို့ကသမီးကိုဖွားဖွားနဲ့ခွဲထားတဲ့ဟာကို "

ŞİMDİ OKUDUĞUN
Just me and you [ Complete ]
Romantizm" တောင်တန်းတွေကိုတိုင်တည်ပြီးကျိန်ဆိုပါ့မယ် 'မ' ယောင်းကိုသိပ်ပဲချစ်ပါတယ် " - Jennie " ပင်လယ်တွေကိုတိုင်တည်ပြီးကျိန်ဆိုပါ့မယ် ယောင်းဟာအမြဲရူဘီရဲ့အပိုင်ပါပဲ " - Chaeyoung ××××× " တောင်တန်းတွေကိုတိုင်တည်ပြီးကျိန်ဆိုပါ့မယ် 'မ' ယောင်းကိုသိပ်ပဲချစ်ပါတယ်...