"ဖေဖေနဲ့ဂျောင်ဝန်းနီးနဲ့ ဂိမ်းတစ်ခုကစားရအောင်
အခုအချိန်ကစပြီး ဝိုင်ခန်းထဲက စည်ပိုင်းကြီးတွေထဲမှာ အသံမထွက်ဘဲ လုံနေအောင်ပုန်းနေရမယ် အပြင်ကနေဘာသံကြားကြား ထွက်မကြည့်ဘဲ မစပ်စုဘဲ နေနိုင်သလောက်နေကြေးဖေဖေကဂျောင်ဝန်းနီးထွက်လာကြည့်ချင်အောင်အသံမျိုးစုံပေးနေလဲထွက်မလာပဲနေရမယ်
မေမေလာခေါ်တဲ့အထိ ထွက်မလာဘဲနေနိုင်ရင် ဂျောင်ဝန်းနီးနိုင်ပြီနိုင်ရင်ဖေဖေက ဂျောင်ဝန်းနီးလိုချင်တဲ့ ဂိမ်းစက်လေးရော ဆေးရောင်ခြယ်တဲ့စာအုပ်လေးတွေရောဝယ်ပေးပြီး ကစားကွင်းလဲ လိုက်ပို့မယ် "
"တကယ်နော် ကတိပေးရမယ် "
"ကတိ ကတိ ဖေဖေက ငါတို့ရဲ့ဂျောင်ဝန်းနီးလေးကိုအရမ်းချစ်တယ်ဆိုတာ မမေ့နဲ့နော် မေမေ့စကားကိုလဲ ကောင်းကောင်းနားထောင် လာပါဦး ခဏလေးဖက်ထားမယ် "....
အသက် ၈နှစ်ဆိုတဲ့အရွယ်က ဆော့ကစားဖို့ပဲစိတ်ထဲရှိပြီး ဖေဖေ့စကားတွေရဲ့ရည်ရွယ်ချက်ကိုသိနိုင်ဖို့အရမ်းငယ်သေးတဲ့အရွယ်ပဲ
သေချာပေါက်ဖေဖေ့ကိုနိုင်အောင်ဆော့ပြီး အရုပ်တွေဝယ်ခိုင်းမယ် ကစားကွင်းသွားမယ်ဆိုတဲ့အတွေးနဲ့တက်ကြွနေခဲ့တဲ့ဂျောင်ဝန်းနီးလေးဟာ မကြာခင်ကျရောက်လာမယ့် ကံကြမ္မာဆိုးကြီးကို မသိခဲ့ဘဲ ဝိုင်ခန်းဆီကိုအပြေးလေးရောက်လာခဲ့တယ်...
.
.
." ငါ့မိသားစုနဲ့ ငါ့တပည့်လေးကိုအသက်ချမ်းသာပေးမယ်ဆိုရင် ဒီလျှို့ဝှက်ချက်ကို ငါနဲ့အတူတစ်သက်လုံးပျောက်ကွယ်သွားစေရမယ်လို့ကတိပေးတယ် "
" ဟားဟားဟား သမာသမတ်ကျလိုက်တဲ့အမှုစစ်ကြီး မစ္စတာ Yang Min Hyun က မိသားစုနဲ့တပည့်လေးအတွက် ငါ့ရဲ့လျှို့ဝှက်ချက်တွေကိုဖုံးကွယ်ပေးတော့မယ်ပေါ့
စိတ်ဝင်စားစရာကောင်းသားပဲ
ဒါပေမယ့် ငါက အဲလောက်သဘောထားမကြီးနေဘူး မင်းရဲ့ချစ်လှစွာသောတပည့်လေးကိုတော့သတ်မှဖြစ်မယ်
ချက်ချင်းကြီးသတ်ရင်တော့ပျင်းစရာပေါ့ ငါလူသတ်ရတာတွေငြီးငွေ့စပြုလာရင် နောက်ဆုံးသားကောင်အဖြစ်နဲ့မင်းတပည့်လေးကိုသတ်ပြီး ငါအနားယူလိုက်မယ်
YOU ARE READING
ERROR-SIGNAL(Completed)
Fanfictionဒီတက်တူးက ခင်ဗျားအတွက် SIGNAL တစ်ခုဆိုပေမယ့် အကြီးဆုံး ERROR တစ်ခုလည်းဖြစ်တယ် Park Jay မိုးစက်တွေနဲ့အတူ ကျွန်တော့ဘဝထဲကိုဝင်လာတယ် မိုးစက်တွေနဲ့အတူခွင့်မတောင်းဘဲ ပြန်ပြီးထွက်သွားပြန်တယ် မိုးတွေရွာရင်ကော်ဖီလေးတ...