43.ဓားခုတ်ရာလက်ဝင်လျှိုမိသူ

686 100 14
                                    

ဖေဖေက ဦးလေးဖြစ်ပြီး
ဦးလေးက ဖေဖေဖြစ်နေခဲ့တာတဲ့လား

ရုတ်တရက်သိလိုက်ရတဲ့အမှန်တရားကြောင့် ခဏတာကြောင်သွားခဲ့ပြီး အခြေအနေကိုမနည်းပြန်သုံးသပ်နေရသည်။

မေမေက ဒီအမှန်တရားကို  အမြဲပြောပြချင်ပြီး ပြောမထွက်ခဲ့တာပဲ။

အခုတော့ အားလုံးလွဲမှားကုန်ပြီ

ကားအက်စီးဒင့်ကြောင့် ကျွန်တော့်ကိုတောင်မမြင်ဖူးလိုက်ဘဲဆုံးပါးသွားတဲ့ဖေဖေ

လက်တောင်မထပ်ရသေးခင် ခင်ပွန်းကဆုံးသွားပြီး ငယ်ငယ်ရွယ်ရွယ်ကျောင်းသူဘဝနဲ့ ကျွန်တော့်ကိုလွယ်ထားရပြီးစိတ်ဒဏ်ရာတွေနဲ့ ကျန်ခဲ့တဲ့မေမေ

ကျွန်တော့်ကိုစောင့်ရှောက်ဖို့ ချစ်ရသူကိုလက်တွဲဖြုတ်ခဲ့ရတဲ့ ဖေဖေမင်ဟျွန်း

အကျိုးအကြောင်းမသိရဘဲ သစ္စာဖောက်ခံရတယ်လို့တစ်ချိန်လုံးအထင်လွဲပြီး အချစ်ရဆုံးသူကိုစိတ်နာနေတဲ့ ဦးလေးဘဲ့ဟို....

နောက်ပြီး မဆီမဆိုင် ကြားညပ်သွားတဲ့ Jay hyung...

တကယ်လို့ကျွန်တော်သာ မေမေ့ဘဝထဲရောက်မလာခဲ့ရင် အကုန်အဆင်ပြေသွားမယ်ထင်တယ်....

" သားလေး မေမေကအဆင်ပြေတယ် သားဦးလေးဘဲ့ဟိုနောက်ကိုသာလိုက်သွား တစ်ခုခုဖြစ်မှာစိုးရိမ်လို့"

မေမေ့ကိုစိတ်မချပေမယ့် ဦးလေးဘဲ့ဟိုကိုပိုပြီးစိတ်ပူတာကြောင့် ဆူဘင်းတို့ကိုဦးလေးဘဲ့ဟိုရဲ့အိမ်သော့နဲ့ လျှို့ဝှက်ခန်းအကြောင်းပြောခဲ့လိုက်ပြီး ဦးလေးဘဲ့ဟိုအိမ်ကိုလွှတ်လိုက်သည်။

ကျွန်တော်နဲ့ jay hyungကေတာ့ ဦးလေးဘဲ့ဟိုနောက်ကလိုက်လာခဲ့သည်။

သုသာန်ဝင်းသို့ဝင်ဝင်ချင်းမှာပင် ကြားလိုက်ရတဲ့သေနတ်သံကြောင့် ခြေလှမ်းတို့ရပ်တန့်သွားသည်နှင့်အတူ အရာအားလုံးနောက်ကျသွားပြီမှန်းသိလိုက်ရတော့သည်။

အခုတော့ ဖေဖေတစ်ယောက်တည်းမဟုတ်တော့ဘူးပေါ့..
နောက်ဘဝမှာ ဖေဖေတို့နှစ်ယောက် သေချာပေါက် ဆုံဆည်းရမယ်နော်
ဒီဘဝမှာ မဖြစ်နိုင်ခဲ့တဲ့အိပ်မက်တွေကိုနောက်ဘဝမှာ သေချာပေါက် အကောင်အထည်ဖော်ပြီး ပျော်ပျော်ရွှင်ရွှင်နေသွားကြရမယ်နော်...
.
.

ERROR-SIGNAL(Completed) Where stories live. Discover now