ဖုန်းvibrate သံကြောင့် နိုးလာပြီးနောက် ကျွန်တော့်...ဖုန်းကိုဆွဲယူကြည့်လိုက်တော့ အသံက ကျွန်တော့်ဖုန်းဆီက လာတာမဟုတ်မှန်းသိလိုက်ရသည်။
"အာ ဟုတ်သားပဲ ညက Jay hyungရောက်နေတာဆိုတော့သူ့ဖုန်းဖြစ်မယ် ဒါဆိုသူ မပြန်သေးတာပေါ့ "
ထိုသို့တွေးမိကာ အသံလာရာဆီသို့မှန်းဆ၍ ဖုန်းကိုလက်ဖြင့်စမ်းလိုက်သည်။
ထို့နောက် Jay hyungကိုရှာတော့မတွေ့
ရေချိုးခန်းထဲရောက်နေတာဖြစ်မည်။Jake hyungများလားလို့တွေးမိပြီး ဖုန်းကိုကိုင်လိုက်တော့ မိန်းကလေးတစ်ယောက်၏အသံကို ကြားလိုက်ရသည်။
" Jay shi ကျွန်မ ဆယ်ယောင်းပါ
ကျွန်မသေချာစဥ်းစားပြီး ဆုံးဖြတ်ပြီးသွားပါပြီ Jay shiပြောတဲ့စကားကို သဘောတူလိုက်ပါမယ်
ခက်ခဲတဲ့အခြေအနေကနေ အသိတရားဝင်လာအောင် အားပေးခဲ့လို့ ကျေးဇူး အများကြီးတင်ပါတယ်
ပြီးတော့လေ.
တကယ်လို့များ Jay shiဆီမှာ သက်ဆိုင်တဲ့သူမရှိသေးဘူးဆိုရင်...""ရှိတယ်
ကျွန်တော်က Jay hyung ရဲ့ကောင်လေးပါ
hyungက အခုရေချိုးနေလို့ပါဗျ
သူထွက်လာရင် ဖုန်းဆက်ကြောင်းပြောပေးပါ့မယ် ခင်ဗျ"ကျွန်တော့်စကားကြောင့် တစ်ဖက်ကမိန်းကလေးကခဏတာမျှငြိမ်သွားပြီး
အားနာတဲ့လေသံဖြင့်စကားဆက်သည်။" စိတ်ထဲမထားပါနဲ့နော်မောင်လေး Jay shi က လူလွတ်ထင်လို့ ပြောလိုက်မိတာပါ
သူ့ကို ပြောပေးပါဦး Jay shi ဂစ်တာတီးပြီးသီချင်းဆိုပြတာကိုထပ်ကြားချင်လို့ ခဏခဏလာမေးနေကြတဲ့သူတွေများလို့ အဆင်ပြေရင် တစ်ခေါက်လောက်ဖြစ်ဖြစ် ဆိုင်ဘက်လာခဲ့ပါဦးလို့"
" Jay hyungက အလုပ်အရမ်းရှုပ်နေတော့ လာဖို့မအားလောက်ဘူးထင်တယ် ကျွန်တော်ပြောကြည့်ပေးပါ့မယ်ခင်ဗျ"
ထိုသို့ပြောကာဖုန်းချလိုက်ပြီးနောက် ကျွန်တော်ကတော့စိတ်ထဲမှာမကြည်လင်လှ
ဟိုတလောက ဝယ်လာတဲ့ဂစ်တာက ကျွန်တော့်ကိုတီးပြဖို့မဟုတ်ဘဲ တခြားနေရာမှာသွားတီးဖို့ဝယ်လာတာဖြစ်ပြီး သူစိမ်းတွေရှေ့မှာ ဂစ်တာတီးပြတယ် နောက်ပြီး မိန်းကလေးတစ်ယောက်နဲ့လည်း ပတ်သတ်နေတယ် hyungဘာတွေလုပ်နေတာလဲ
ရေချိုးခန်းထဲကထွက်လာတဲ့hyungကိုဖုန်းလာကြောင်းပြောလိုက်တော့ မျက်နှာမှာပြောင်းလဲမှုမရှိဘဲ ခေါင်းကိုသာငြိမ့်ပြသည်။
YOU ARE READING
ERROR-SIGNAL(Completed)
Fanfictionဒီတက်တူးက ခင်ဗျားအတွက် SIGNAL တစ်ခုဆိုပေမယ့် အကြီးဆုံး ERROR တစ်ခုလည်းဖြစ်တယ် Park Jay မိုးစက်တွေနဲ့အတူ ကျွန်တော့ဘဝထဲကိုဝင်လာတယ် မိုးစက်တွေနဲ့အတူခွင့်မတောင်းဘဲ ပြန်ပြီးထွက်သွားပြန်တယ် မိုးတွေရွာရင်ကော်ဖီလေးတ...