9.သူငယ်ချင်း < အချစ်

834 107 34
                                    


အခင်းဖြစ်ပွားရာ ခေါင်မိုးထပ်ကcctvပျက်နေပေမယ့် ခေါင်မိုးထပ်ဆီသို့ လာသည့်လမ်းကcctv တစ်ခုကတော့ ကောင်းနေသေးသည်

အခင်းဖြစ်ပွားရာ ခေါင်မိုးထပ်ကcctvပျက်နေပေမယ့် ခေါင်မိုးထပ်ဆီသို့ လာသည့်လမ်းကcctv တစ်ခုကတော့ ကောင်းနေသေးသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

cctvမှတ်တမ်းအရ

ခေါင်မိုးထပ်ရှိရာသို့ပထမဆုံးလာသူကတော့ သေဆုံးသူကျောင်းသားပင်
7:10AM တွင် ရွှင်ပျသောမျက်နှာထားဖြင့် ခေါင်မိုးထပ်ရှိရာသို့ တက်သွားလေသည်

ထိုမျှလောက်စောစော ကျောင်းကိုလာသည်ကိုကြည့်ခြင်းဖြင့် လူသိမခံစရာတစ်စုံတစ်ရာကို ပြုလုပ်လိုခြင်းဖြစ်ဟန်တူသည်

7:25AM မှာတော့ ဘယ်သူမှထင်မှတ်မထားသူတစ်ယောက် ပေါ်လာသည်
ထိုသူကား အနိုင်ကျင့်ခံရသောကျောင်းသားလေးပင်ဖြစ်ပြီး
ပတ်ဝန်းကျင်လူသူလေးပါးကို ဂရုတစိုက်ကြည့်ရှုရင်း ခေါင်မိုးထပ်ရှိရာဆီတက်သွားသည်

7:30AM မှာ ဒုခေါင်းဆောင်ဆိုသူကျောင်းသားရောက်လာသည်
ထိုကျောင်းသား၏မျက်နှာအမူအရာမှာတော့ ခုဏကကျောင်းသားလေးလို ဂဏာမငြိမ်တာမျိုးမရှိဘဲ လုပ်နေကျအလုပ်တစ်ခုလို သာမန်ကျောင်းတက်ရက်တစ်ရက်လို ပေါ့ပါးစွာပင် ခေါင်မိုးထပ်ဆီတက်သွားလေသည်

ထိုသုံးယောက်တက်သွားပြီး သိပ်မကြာမီ 7:45AMမှာတော့ maskတပ်ထားသောကျောင်းသားတစ်ဦးလည်းရောက်လာသည်
ထိုကျောင်းသားကတော့ တစုံတရာကို အလျင်လိုနေဟန်
လက်မှနာရီကိုကြည့်ရင်း ခေါင်မိုးထပ်ဆီသို့ပြေးတက်သွားသည်

maskတပ်ထားသော်လည်း ထိုသူဘယ်သူလဲဆိုတာ ကျွန်တော်သိပါသည် ဘာအကြောင်းကြောင့် အခင်းဖြစ်တဲ့ နေရာကိုလာခဲ့တာလဲလို့ လူကိုယ်တိုင်တွေ့ပြီးမေးလိုက်ချင်သည်
သတ်တဲ့သူက ခင်ဗျားတော့မဟုတ်ဘူးဆိုတာ ကျွန်တော့စိတ်ထဲမှာ ယုံကြည်နေတုန်းပဲ

ERROR-SIGNAL(Completed) Where stories live. Discover now