" ဂျောင်ဝန်း ဘာဖြစ်လို့လဲ တုတ်ကြီးနဲ့ "
ရေကရားထဲကရေတစ်ခွက်ငှဲ့ပြီး ကမ်းပေးရင်း Jay hungက စိတ်ပူစွာမေးသည်။
" အပြန်လမ်းမှာ နောက်ယောင်ခံလိုက်ခံရတယ်လို့ခံစားရလို့
အိမ်ထဲရောက်တော့လည်း hyung ရောက်နေတာမသိဘဲ ခြေသံကြားလို့ လူစိမ်းဝင်နေတယ်ထင်သွားတာ"နောက်ယောင်ခံလိုက်ခံရတယ်လို့ကြားတော့ Jay hungက မျက်နှာပျက်သွားသည်။
" သိပ်လည်းစိတ်မပူပါနဲ့ hyungရဲ့ ဒီအတိုင်းမနက်က အမှုအကြောင်း စိတ်စွဲပြီး ထင်ယောင်ထင်မှားဖြစ်နေတာနေမှာပါ
ကျွန်တော့်နောက်ကိုနောက်ယောင်ခံလိုက်စရာ ဘာအကြောင်းမှမရှိတာကို "" ဒီတစ်ခါအမှု..
လက်ရှောင်လိုက်လို့မရဘူးလား "Jay hyungက ထိုသို့မေးရင်း ကျွန်တော့်မျက်နှာကိုအကဲခတ်သည်။
ထို့နောက်မှ" အင်း
babe သဘောပါ။
ဒါပေမယ့် အခင်းဖြစ်တဲ့နေရာတွေ သံသယရှိတဲ့သူတွေကို တစ်ဇွတ်ထိုး တစ်ယောက်တည်း စုံစမ်းတာမျိုးတော့ မလုပ်နဲ့နော်
လိမ္မာတယ်။
အနည်းဆုံးတော့ ဘေးမှာ ဆူဘင်းဖြစ်ဖြစ် ယုံကြည်ရတဲ့အဖော်တစ်ယောက်ယောက်ပါမှ သွားမယ်လို့ ကတိပေးနော်။
ပြီးတော့ တစ်ခုခုဖြစ်တာနဲ့ ကိုယ့်ကိုတန်းပြီးဆက်သွယ်.... "" hyung ကျွန်တော့်ကို ကလေးလိုပဲထင်နေပြန်ပြီလား ကျွန်တော်က အဲလိုပြသနာရှာတတ်တဲ့သူမဟုတ်ပါဘူး အခုဆို ပိုပြီးတောင်စဥ်းစားတတ်ပြီး အတွေ့အကြုံတွေလည်းရှိနေပါပြီဆို"
သူ့စကားကိုဖြတ်ပြောလိုက်တဲ့ ကျွန်တော့်အသံမှာပါတဲ့ ငြိုငြင်တဲ့အရိပ်အယောင်တွေကို hyungက ရိပ်မိသည်နှင့် နောက်ကျောဘက်ကနေ ငြင်သာစွာ သိုင်းဖက်လိုက်သည်။
" နောက်ယောင်ခံလိုက်ခံနေရတာ နှစ်ခါရှိပြီမို့ ကိုယ်စိတ်ပူသွားလို့ပါ ဘေဘီ့ကိုမယုံလို့မဟုတ်ပါဘူး
နောက်ဆို ကိုယ်မရှိလည်းစိတ်ချရအောင်လို့ "နောက်ဆို ကိုယ်မရှိလည်းဆိုတဲ့စကားကြောင့် ဖက်ထားတဲ့သူ့လက်တွေကို ဆွဲဖြုတ်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။
YOU ARE READING
ERROR-SIGNAL(Completed)
Fanfictionဒီတက်တူးက ခင်ဗျားအတွက် SIGNAL တစ်ခုဆိုပေမယ့် အကြီးဆုံး ERROR တစ်ခုလည်းဖြစ်တယ် Park Jay မိုးစက်တွေနဲ့အတူ ကျွန်တော့ဘဝထဲကိုဝင်လာတယ် မိုးစက်တွေနဲ့အတူခွင့်မတောင်းဘဲ ပြန်ပြီးထွက်သွားပြန်တယ် မိုးတွေရွာရင်ကော်ဖီလေးတ...