2.ဆုံတွေ့ခြင်းမိုးရေစက်များ

1.2K 134 2
                                    

14 years later....

ဒီနေ့မှ သည်းသည်းမဲမဲရွာချလိုက်တဲ့ မိုးရေစက်တွေက ကျွန်တော့ ဘဝထဲကို တစ်စုံတစ်ဦးဝင်လာတော့မယ်လို့အချက်ပြနေခဲ့တာလား

ဒီနေ့လည်း သာမန်မိုးရွာတဲ့နေ့တစ်နေ့လိုပါပဲ ထီးတစ်ချောင်းဆွဲပြီး ကျွန်တော်လုပ်နေကျ အလုပ်တစ်ချို့ကို မိုးရေစက်တွေကြား အပြေးအလွှားလုပ်နေခဲ့သည်

အိမ်နဲ့မနီးမ​ဝေးက တိုက်ခန်းတွေရဲ့ အနောက်ဘက်လမ်းကြားတစ်နေရာအမိုးအကာလေးအောက်မှာ လေလွင့်ကြောင်လေးတွေမိုးခိုနိုင်ဖို့ ကတ်ပုံးတစ်ချိို့ရယ် ပလတ်စတစ်ပြားတွေရယ်နဲ့ တတ်နိုင်သလောက်ပြင်ဆင်ပေးခဲ့ပြီး
ခေါက်ဆွဲထုပ်ဝယ်ဖို့ စတိုးဆိုင်ဆီထွက်လာခဲ့သည်

ဖြစ်နိုင်ရင်တော့ကြောင်လေးတွေကို အိမ်ခေါ်သွားချင်ပေမယ့် အဘွားက ကြောင်တွေနဲ့ဓာတ်မတည့်သူမို့ လက်လျှော့လိုက်ရတာဖြစ်သည်

🎼🎼🎼 အဲဒီနေ့ကလဲ မိုးတွေရွာနေခဲ့တာ
အချိန်တွေရပ်တန့်သွားခဲ့တယ်
Close your eyes
Think about that time
Baby, you're so beautiful
အကြည့်တွေမင်းဆီက မခွာနိုင်ခဲ့ဘူး
You're so fine
Can't take my eyes off you
မင်းရဲ့ရနံ့လေးကတကယ်ကိုပဲနှင်းဆီပန်းလေးလို
နေမင်းကြီးလိုမင်းက အမြဲမျက်စိစူးစေတယ်
Every day and night
မင်းအကြောင်းပဲတွေးမိ
ကိုယ့်နှလုံးသားထဲက မိုးရေစက်လေး
You make my heart beat, yeah!
Just like the rain
Just like the rain ..🎼🎼🎼

Gray ရဲ့ Just like the rain သီချင်းလေးကို ခပ်တိုးတိုးညည်းရင်း ခြေထောက်ကိုထိခတ်လာတဲ့မိုးရေတွေရဲ့အထိအတွေ့ကိုခံစားရင်း တစ်စုံတစ်ရာကိုလွမ်းဆွတ်လာသလိုခံစားချက်တို့ဝင်ရောက်လာသည်။

မိုးရွာတဲ့အချိန်တွေကို နှစ်သက်ရခြင်းက ချစ်သူရည်းစားထားစရာမလိုဘဲနဲ့ လွမ်းဆွေးတဲ့ခံစားချက်ကလေးကို ခံစားရစေတာကြောင့်ဖြစ်မည်။

မိုးရေစက်တွေဆိုတာ သီချင်းတွေအကူအညီမပါဘဲနဲ့တောင် လွမ်းဆွေးအုံ့မှိုင်းခြင်းတွေကို ဖြစ်စေတယ်မလား

စတိုးဆိုင်ကပြန်အထွက် မှာ သေနတ်‌သံတစ်ချက်ကိုပီပြင်စွာကြားလိုက်ရသည်။
ပတ်ဝန်းကျင်မှာတွေ့လိုက်ရတဲ့ ရဲကားတွေ လူနာတင်ယာဥ်တွေနဲ့ အတူ အမှုအခင်း ကြီးကြီးမားမားတစ်စုံတစ်ရာဟာ အေးချမ်းဆိတ်ငြိမ်လှတဲ့ ကျွန်တော်တို့ရပ်ကွက်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှန်း ရိပ်မိလိုက်သည်။

ERROR-SIGNAL(Completed) حيث تعيش القصص. اكتشف الآن