မြေအောက်ခန်းထဲမှာလှည့်ပတ်ကြည့်ပြီးနောက် စိတ်အားတင်းပြီး ဝိုင်ခန်းဆီဝင်လာခဲ့သည်
ကျွန်တော့်အသက်၈နှစ်အရွယ်မှာ အဖေနဲ့အတူ အဖြစ်ဆိုးကြီးကိုကြုံခဲ့ရပြီးနောက် အဲဒီနေ့က အဖြစ်အပျက်တွေရဲ့မှတ်ဉာဏ်တစ်ပိုင်းတစ်စကပျောက်ကွယ်သွားခဲ့သည်
ငယ်ရွယ်သေးချိန်မှာ အသက်နဲ့မလိုက်အောင် ကြောက်လန့်စရာအဖြစ်အပျက်ကိုကြုံခဲ့ရတာမို့ အကြောက်လွန်ပြီးမေ့သွားတာဟုအမေကပြောသည်။
နှစ်တွေအများကြီးကြာပြီးမှ
ပထမဆုံးအမှုစုံစမ်းစဥ် စာကြည့်ခန်းထဲမှာ အလုံပိတ်ခံရပြီး မီးလောင်ခဲ့တော့ ငယ်ငယ်က အဖြစ်အပျက်အတိုင်းတိုက်ဆိုင်မှုကြောင့် မှတ်ဉာဏ်တို့ပြန်ပေါ်လာခဲ့သည်အဲဒီနေ့က အဖေနဲ့ကျွန်တော်နှစ်ယောက်တည်းအိမ်မှာကျန်နေခဲ့သည်
ကျွန်တော်မှတ်မိသလောက်တော့ အဖေက ကျွန်တော့ကိုဂိမ်းကစားကြမယ်လို့ပြောပြီး ဝိုင်ခန်းထဲမှာဝင်ပုန်းခိုင်းခဲ့သည်
အဲဒီနောက်စကားများသံ အော်သံတွေကြားရပြီးနဲ့နောက် အားလုံးတိတ်ဆိတ်သွားချိန်မှာ တကျိကျိမြည်သံတစ်ခုကိုကြားရသည် ထို့နောက်မှ မီးခိုးငွေ့တွေကြောင့် အသက်ရှူကြပ်ပြီး သတိမေ့သွားခဲ့တာဖြစ်သည်
သတိမေ့မသွားခင်ကြားခဲ့ရတဲ့အသံတကျိကျိကဘာအသံမှန်းတော့မသိ ကြားဖူးနေကျအသံမဟုတ်ဘဲ စက်ကိရိယာတစ်ခုခု၏အသံများဖြစ်နေလေမလား
ဝိုင်ခန်းထဲမှာအတန်ကြာထိုင်စဥ်းစားရင်း ခေါင်းထဲမှာအတွေးးတစ်ခုကလက်ခနဲ
အဖေ့ကိုသတ်တာ တက်တူးလူသတ်မှုတွေရဲ့တကယ့်တရားခံလို့ ဆရာ Kim Jong hyeon ပြောခဲ့တာကိုသတိရလိုက်မိတော့ အဲဒီအသံက တက်တူးထိုးတဲ့စက်ကမြည်တဲ့အသံများလားဖြစ်နိုင်သည်
ဒါပေမယ့် ဒေါက်တာ Kim Jong Hyeon ပြောတဲ့စကားတွေအရ
တက်တူးကွင်းဆက်လူသတ်မှုက တခြားသေဆုံးသူတွေအားလုံးမှာ အမှတ်စဥ်တွေရေးထားတဲ့တက်တူးတွေကိုတွေ့ရပေမယ့် အဖေ့မှာတော့တက်တူးရှိမနေခဲ့ဘူးဆိုတော့ ကျွန်တော်များနားကြားမှားခဲ့တာလား.
YOU ARE READING
ERROR-SIGNAL(Completed)
Fanfictionဒီတက်တူးက ခင်ဗျားအတွက် SIGNAL တစ်ခုဆိုပေမယ့် အကြီးဆုံး ERROR တစ်ခုလည်းဖြစ်တယ် Park Jay မိုးစက်တွေနဲ့အတူ ကျွန်တော့ဘဝထဲကိုဝင်လာတယ် မိုးစက်တွေနဲ့အတူခွင့်မတောင်းဘဲ ပြန်ပြီးထွက်သွားပြန်တယ် မိုးတွေရွာရင်ကော်ဖီလေးတ...