14.Gym သို့အလည်တစ်ခေါက်

683 93 44
                                    


" ဆူဘင်း ငါ စိတ်ထဲမှာ သေဆုံးသူရဲ့မောင်ဖြစ်သူနဲ့ပတ်သတ်ပြီး သိပ်မသင်္ကါဘူး "
ကျွန်တော့်စကားကိုဆူဘင်းက ထောက်ခံသည်

" မင်းရောအဲလိုထင်တယ်မလား သူက ခရီးထွက်သွားတယ်ဆိုလို့သာ ပြီးတော့ မနက်စောစောမှာသူ့အဖွဲ့တွေနဲ့အတူတူ အပန်းဖြေခရီးထွက်ကြတဲ့နေရာမှာ ရှိနေတယ်ဆိုတာ ဓာတ်ပုံတွေလည်း သက်သေရှိနေတော့ ဘာမှလုပ်မရဘူးဖြစ်နေတာ "

" အေးဟုတ်တယ် ဒါပေမယ့် သေဆုံးတဲ့အမျိုးသားအလောင်းစစ်ချက်အရဆိုရင် လူသတ်သမားက အားသန်တဲ့သူတစ်ယောက်ဆိုတဲ့အချက်ကိုထည့်စဥ်းစားရမယ်
လည်ပင်းကိုညှစ်သတ်ပြီး
သေပြီးမှကြိုးဆွဲချတဲ့ပုံစံမျိုးဖြစ်အောင်လုပ်တဲ့အချက်အရရော
လူတွေက သေပြီးသွားရင် ကြွက်သားတွေကတောင့်တင်းသွားတာကြောင့် အသက်ရှင်တုန်းကထက်ပိုသယ်ဖို့ခက်ပြီးလေးတတ်တယ်လေ
သေဆုံးတဲ့အမျိုးသားက လူကောင်သေးတဲ့ထဲမပါဘူး သာမန်ပဲ အဲတော့ သူ့ကိုသေပြီးမှ အမြင့်မှာကြိုးနဲ့ဆွဲဖို့ဆိုရင်တော်တော်အားသန်တဲ့သူမှရမယ်
ပြီးတော့ နံရိုးတွေကျိုးတာ အမြင့်ကပြုတ်ကျလို့ဒါမှမဟုတ်ကိုင်ပေါက်ခံရလို့လို့ပြောတယ်မလား
အခင်းဖြစ်တဲ့အိမ်က ဧည့်ခန်းထဲမှာ စားပွဲက စောင်းနေပြီး ပစ္စည်းတွေလည်းပြန့်ကြဲနေတာကြည့်ခြင်းအားဖြင့် ကိုင်ပေါက်ခံရတာဖြစ်ဖို့များတယ် 
လူတစ်ယောက်ကို ကိုင်ပေါက်ပြီး သေအောင်လည်ပင်းညှစ်သတ်ဖို့ဆိုတာ တော်တော်စိတ်နာပြီး အငြိုးကြီးနေလို့ပေါ့

သေဆုံးသူရဲ့အမျိုးသမီးရဲ့မောင်က Gym trainerလေ သူ့ကိုလည်းမင်းတွေ့တယ်မလား လူကောင်အကြီးကြီးနဲ့ ဗလတွေနဲ့ လေ
ပြီးတော့ သူ့ယောက်ဖကဖောက်ပြန်နေတာဆိုတော့ သူ့အစ်မဘက်ကနေသူစိတ်တိုနေမှာပဲလေ "

" အေး ငါလဲအဲလိုပဲတွေးတယ် သူ့ရဲ့Gymကအဖွဲ့ကိုသွားစုံစမ်းကြမလား"

အရင်တစ်ခါအမှုတုန်းက ကိုယ့်သဘောနဲ့ကိုယ်သွားစုံစမ်းလို့ အငေါက်ခံရပြီးပြီမို့ ဒီတစ်ခါတော့ သံသယရှိသူကိုတိုက်ရိုက်မစုံစမ်းဘဲ တိတ်တဆိတ် မသိမသာစုံစမ်းဖို့သာ ဆုံးဖြတ်လိုက်ကြသည်

ERROR-SIGNAL(Completed) Where stories live. Discover now