ကျွန်တော်နေမကောင်းတဲ့အချိန်တစ်လျှောက်လုံး ဆူဘင်းနဲ့အတူ စောင့်ရှောက်ပေးပြီး မုန့်တွေ ဟင်းတွေလည်းမပူရအောင် လာလာပို့ပေးတဲ့ ဆောင်ဟွန်းhyungကို ကျေးဇူးတင်တာမို့ သူကြိုက်တတ်တဲ့အသီးတွေနဲ့ ဝိုင်တစ်ပုလင်းဝယ်သွားပြီး အိမ်အထိသွားပို့ခဲ့သည်။
ဆောင်ဟွန်းhyungက အဖေ့ရဲ့တပည့်ဆိုပေမယ့် လုပ်ငန်းခွင်တွင်းကတပည့်မဟုတ်ဘဲ အလယ်တန်းတုန်းက ကျောင်းတွင်းအနိုင်ကျင့်မှု ပပျောက်ရေး project အတွက် အဖေက ကျောင်းတွေကိုသွားပြီး သင်ပြပေးရင်းနဲ့ တွေ့ခဲ့ရတဲ့ တပည့်ဖြစ်သည်ဟု hyungက ပြောဖူးသည်။
ခဏလောက်လေးတပည့်ဖြစ်ဖူးတာတောင် အဖေ့ရဲ့သားဖြစ်တဲ့ကျွန်တော့်ကိုပါ အခုထိစောင့်ရှောက်ပေးနေတာကတော့ အံ့သြစရာကောင်းတဲ့သံယောဇဥ်ပင်ဖြစ်သည်။
Hyung အိမ်ရောက်တော့ လက်ဆောင်တွေယူလာလို့ hyungကဆူနေသည်။
" ဒီလိုအားနာစရာလူတွေလည်းမဟုတ်တာကို ဘာလို့ဒါတွေယူလာနေတာလဲ "
hyungရဲ့အမေကနေ့လည်စာစားပြီးမှ ပြန်ဖို့ပြောတာကြောင့် hyungတို့အိမ်မှာပဲ နေ့လည်စာစားခဲ့သည်။ပိတ်ရက်မို့ hyungနဲ့အေးအေးဆေးဆေးစကားပြောကြရင်း
hyungအမေက လမ်းထိပ်က စျေးဆိုင်မှာ ပစ္စည်းတချို့ အရေးတကြီးသွားဝယ်ခိုင်းတာမို့ hyungက ကျွန်တော့်ကိုခဏစောင့်ခိုင်းပြီး အပြင်ထွက်သွားတော့သည်။hyungထွက်သွားပြီးမှ စားပွဲပေါ်မှာ ပိုက်ဆံအိတ်ကျန်ခဲ့တာမြင်လို့ လိုက်ပေးဖို့ အလောတကြီးလှမ်းယူလိုက်ချိန် ပိုက်ဆံအိတ်က အောက်ကိုပြုတ်ကျပြီး card အချို့နဲ့ဓာတ်ပုံလေးတစ်ပုံ ထွက်ကျလာခဲ့သည်။
card တွေကိုခပ်မြန်မြန်ပဲကောက်ထည့်လိုက်ပြီး ဓာတ်ပုံလေးကိုပြန်ထည့်ဖို့အမှတ်မထင်ကြည့်လိုက်မိချိန်မှာ အံ့သြလွန်း၍ ကမ္ဘာလောကကြီးရပ်တန့်သွားသလိုတောင်ခံစားလိုက်ရသည်။
YOU ARE READING
ERROR-SIGNAL(Completed)
Fanfictionဒီတက်တူးက ခင်ဗျားအတွက် SIGNAL တစ်ခုဆိုပေမယ့် အကြီးဆုံး ERROR တစ်ခုလည်းဖြစ်တယ် Park Jay မိုးစက်တွေနဲ့အတူ ကျွန်တော့ဘဝထဲကိုဝင်လာတယ် မိုးစက်တွေနဲ့အတူခွင့်မတောင်းဘဲ ပြန်ပြီးထွက်သွားပြန်တယ် မိုးတွေရွာရင်ကော်ဖီလေးတ...