7. ခြေလှမ်းသစ်

788 113 11
                                    

" တရားခံ Mrs.___ မိမိခင်ပွန်းကို သတ်ခဲ့တာ မှန်ပါသလား "

ဒိအမှုကိုစိတ်ဝင်ကြလွန်းသဖြင့် တရားခွင်ကိုလာရောက်ကြားနာသူများမှာ အာရုံစူးစိုက်လျက်တိတ်ဆိတ်စွာ နားထောင်နေကြသည်

တရားခံက လူသတ်ကြောင်းဝန်ခံပြီးနောက်

ရှေ့နေက ဖြစ်စဥ်အစအဆုံးကိုပြန်လည်ပြောကြားစေသည်

" ကျွန်မက သူ့ကို ကျွန်မမိသားစုနဲ့ အတိုက်အခံလုပ်ပြီးချစ်ခဲ့ရတာ
အိမ်ထောင်ကွဲဖူးတဲ့ အမျိုးသားမို့ သေချာစဥ်းစားပြီးမှဆုံးဖြတ်ဖို့ပြောကြပေမယ့် အိမ်ထောင်ကွဲပြီးအထီးကျန်နေတဲ့ လူရိုးလူအေးလေးမို့ ကျွန်မက ချစ်တာရော သနားတာရောကြောင့် ဘာမှမစဥ်းစားတော့ဘဲသူ့နောက်ကိုလိုက်ခဲ့တာ

သူကလည်း ကျွန်မကို အသေးအဖွဲလေးတွေအစ အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးပြီးကျွန်မအပေါ်အရမ်းချစ်ခဲ့တာလေ

လက်ထပ်ပြီးတဲတော့ သူအရင်နေခဲ့တဲ့အိမ်ကိုရောင်းပြီး အခုလက်ရှိနေတဲ့အိမ်ကိုပြောင်းရွှေ့လာခဲ့ပါတယ်

လက်ထပ်ပြီးတဲ့နောက်သူကကျွန်မကို ချစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အရင်ထက်အများကြီးချုပ်ချယ်တယ်
သဝန်တိုတယ် အသ်ိမိတ်ဆွေ ယောက်ျားလေးတွေနဲ့နှုတ်ဆက်မိရင်တောင် စိတ်ဆိုးတတ်တာမို့ ကျွန်မလည်း ဘယ်သူနဲ့မှသိပ်ပြီးအခေါ်အပြောမရှိတော့ပါဘူး

နောက်ပြီး ကျွန်မကို ပင်ပန်းမှာစိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်လည်းထွက်ခိုင်းပါတယ်

လက်ထပ်ပြီး ၃ ၄ နှစ်ကြာတဲ့အထိလည်း ကလေးမရခဲ့ပါဘူး
ကျွန်မတို့လက်ထပ်တာ ၅နှစ်ပြည့်တဲ့နေ့မှာ ကျွန်မသူငယ်ချင်းတစ်ယောက်က ကျွန်မဆီ ထူးဆန်းတဲ့ဓာတ်ပုံတွေ
ပို့ပေးပါတယ်

အဲဒါတွေကတော့ ကျွန်မယောက််ျားဖြစ်သူရဲ့ အရင်မိန်းမတွေပုံပါ

သူအိမ်ထောင်ကျဖူးမှန်းသိပေမယ့်
၃ခါကျဖူးတယ်ဆိုတာကိုတော့မသိခဲ့ပါဘူး ကျွန်မက သူ့ရဲ့ ၄ယောက်မြောက်အမျိုးသမီးပါ
ပြီးတော့..
ကျွန်မအပါအဝင်
သူ့ရဲ့မိန်းမတွေအကုန်လုံးက သူ့ရဲ့ပထမဆုံးအိမ်ထောင်ဘက်နဲ့ ရုပ်ချင်းဆင်တူနေကြတယ်

ERROR-SIGNAL(Completed) Where stories live. Discover now