" ဂျောင်ဝန်းနီးက မင်ဟျွန်းရဲ့သားအရင်းမဟုတ်ပါဘူး
ဂျောင်ဝန်းနီးရဲ့အဖေအရင်းက မင်ဟျွန်းရဲ့အကို ယောန်မင်းပါ
ကျွန်မ အကြောင်းစုံကိုပြောပြပါမယ်ရှင်။ယောန်မင်းနဲ့ကျွန်မချစ်သူတွေဖြစ်ခဲ့ကြပြီး ကျွန်မကျောင်းပြီးတာနဲ့လက်ထပ်ဖို့စီစဥ်ထားခဲ့ကြတာပါ။
တစ်ရက်မှာ မမျှော်လင့်ပဲ ကျွန်မမှာ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရပါတယ်
ယောန်မင်းက အရမ်းကိုပျော်ပြီး ကျွန်မကိုချက်ချင်းလက်ထပ်ဖို့ပြင်ခဲ့တာကျွန်မက အသက်လည်းငယ်သေးတယ် ဘဝရည်မှန်းချက်တွေလည်းရှိသေးတော့ ကျောင်းမပြီးခင် လက်မထပ်ချင်ခဲ့ဘူး
ရက်တွက်ကြည့်တဲ့အခါ ကိုယ်ဝန်ကတစ်လကျော်လောက်ပဲရှိသေးတယ် ကလေးယူဖို့ဘာမှလည်းပြင်ဆင်ထားတာမရှိသေးတာမို့ ဒီကလေးကိုလက်လွှတ်လိုက်ပြီးတော့ ကျောင်းပြီးလို့အခြေကျပြီးကလေးအတွက်လည်းသေချာစီစဥ်ပြီးမှ ကလေးထပ်ယူဖို့ ယောန်မင်းကို နားချပေမယ့်သူကလက်မခံဘူး
အဲဒိကိစ္စနဲ့ ကျွန်မတို့နှစ်ယောက် စကားများကြပြီးတော့ သူက ကျွန်မဆီကနေ သူ့အမေဆီကို ညဘက်ကြီး ပြန်သွားရာကနေ လမ်းမှာ ကားအက်စီးဒင့် ဖြစ်ပြီးနောက်နေ့မနက်ပဲ ဆေးရုံမှာဆုံးသွားခဲ့တယ်။
နောက်မှ ကျွန်မပြန်သိခဲ့ရတာက သူမဆုံးခင်
မင်ဟျွန်းကို
ကျွန်မဗိုက်ထဲက ကလေးကိုတာဝန်ယူပြီးစောင့်ရှောက်ပေးဖို့ တောင်းဆိုသွားခဲ့တာတဲ့။ကျွန်မယောက္ခမက ဆုံးသွားတဲ့သူ့သားရဲ့ ရင်သွေးလေးကိုလွယ်ထားရမှန်းသိတော့ ငယ်ရွယ်သေးတဲ့ကျွန်မကို သမီးအရင်းလေးလို ကောင်းကောင်းစောင့်ရှောက်ခဲ့ပြီး သူ့မြေးလေးအဖေခေါ်စရာမရှိမှာစိုးတာရော နောက်ပြီး ကျွန်မကတခြားသူနဲ့အိမ်ထောင်ပြုရင် သူ့မြေးလေးကို ပေးလိုက်ရမှာစိုးတာရောကြောင့် မင်ဟျွန်းနဲ့ကျွန်မကို လက်ထပ်ပေးဖို့စီစဥ်ခဲ့တာပါ
ကျွန်မငြင်းခဲ့ပါသေးတယ်
ချစ်ရတဲ့သူကိုရုတ်တရက်ကြီးဆုံးရှုံးလိုက်ရပြီးနောက်ပိုင်းမှာ သူ့မိသားစုကိုပါထပ်ပြီးဒုက္ခမပေးချင်တာကြောင့်
ကျွန်မ သူတို့နဲ့အဝေးကိုထွက်ပြေးခဲ့တယ်
ŞİMDİ OKUDUĞUN
ERROR-SIGNAL(Completed)
Hayran Kurguဒီတက်တူးက ခင်ဗျားအတွက် SIGNAL တစ်ခုဆိုပေမယ့် အကြီးဆုံး ERROR တစ်ခုလည်းဖြစ်တယ် Park Jay မိုးစက်တွေနဲ့အတူ ကျွန်တော့ဘဝထဲကိုဝင်လာတယ် မိုးစက်တွေနဲ့အတူခွင့်မတောင်းဘဲ ပြန်ပြီးထွက်သွားပြန်တယ် မိုးတွေရွာရင်ကော်ဖီလေးတ...