" ကျွန်တော် အဲဒီနေ့က ဂျူတီရှိလို့ ခွဲခန်းဝင်နေတာပါ
ဂျူတီ list ကြည့်လို့ရပါတယ်
အဲဒီလူနဲ့ပတ်သတ်ပြီးသံသယဝင်နေရင်တော့ စိတ်မပူပါနဲ့လို့ပဲပြောချင်ပါတယ် သူ့လိုလူတစ်ယောက်အတွက် ကျွန်တော့်လက်ကိုအစွန်းထင်းခံမှာမဟုတ်လို့ စိတ်ချလို့ရပါတယ်"ဒုဆေးရုံအုပ်ဆိုသူက သေဆုံးသူနဲ့ ဆေးရုံကိစ္စနဲ့ပတ်သတ်ပြီး အပြိုင်အဆိုင်လေးတွေရှိတယ်လို့ကြားပေမယ့် ဒီလောက်ထိဆက်ဆံရေးဆိုးနေမယ်လို့တော့မထင်ခဲ့
အမှုနဲ့ပတ်သတ်ပြီး ဦးလေးဘဲ့ဟိုကမေးခွန်းအနည်းငယ်မေးတာတောင် သိပ်ပြီးကျေနပ်ပုံမရ" အလီဘိုင်ရှိတယ်ဆိုရင်တော့အဆင်ပြေပါတယ် ကျွန်တော်တို့ကလည်း တာဝန်အရ မဖြစ်မနေစစ်ဆေးရမှာမို့ပါ စိတ်မရှိပါနဲ့ "
"ရပါတယ် ဂျူတီရှိသေးလို့ခွင့်ပြုပါဦး "
ထိုဆရာဝန်ကိုစစ်ဆေးပြီးနောက်
ဆေးရုံရှိအခြားဆရာဝန် သူနာပြုများကိုစစ်ဆေးခဲ့သော်လည်း သေဆုံးသူမှာ ထိုရက် ညနေပိုင်း ဂျူတီမရှိသဖြင့် စောစောပြန်သွားသည်ဆိုတဲ့အချက်ကလွဲရင် ကျန်တာဘာမှမသိရပေ။သေဆုံးသူ၏ဇနီးကို မေးမြန်းသောအခါ
" ဆေးရုံကတော့ဆရာတို့သိတဲ့အတိုင်း အခုနောက်ပိုင်း သူအရင်ကထက် ပိုပြီး အလုပ်တွေလုပ်လာရတယ် ပိုပြီးပြေလည်လာတယ် နောက်ပြီး အဲဒီဆေးရုံကိုပိုင်ချင်တာသူ့အိပ်မက်ပဲပိုက်ဆံကို ကျွန်မကိုမအပ်တော့ ဝင်ငွေဘယ်လောက်ရှိသလဲဆိုတာတောင်အတိအကျမသိပါဘူး
ကျွန်မကို စျေးဖိုးနဲ့ ကလေးတွေကျောင်းစရိတ်၊
အိမ်အသုံးစရိတ် သေချာသတ်မှတ်ပြီးလောက်ငှအောင်ပေးပါတယ်သူ့အလုပ်က အိမ်ပြန်ချိန်တော့သိပ်အတိအကျမရှိပါဘူး
တစ်ခါတစ်လေ duty ပြီးလို့ အိမ်ပြန်ရောက်ပြီးမှ အရေးပေါ်ခွဲစိတ်ရမယ်ဆိုရင် ပြန်သွားရတာမျိုးလည်းရှိပါတယ်
မဆုံးခင်ရက်ကတော့ မနက်ပိုင်းဂျူတီထွက်ပြီးအိမ်ခဏပြန်လာပါတယ်
ပြီးတော့ ရေမိုးချိုး စားစရာရှိတာစားပြီး အိမ်ကနေပြန်ထွက်သွားပါတယ်
အဲ့ကနေပြန်မလာတော့တာ နောက်ရက်မှပဲ ရဲစခန်းက အကြောင်းကြားလာလို့
သူ့သတင်းကြားရတာပါပဲရှင် "
BINABASA MO ANG
ERROR-SIGNAL(Completed)
Fanfictionဒီတက်တူးက ခင်ဗျားအတွက် SIGNAL တစ်ခုဆိုပေမယ့် အကြီးဆုံး ERROR တစ်ခုလည်းဖြစ်တယ် Park Jay မိုးစက်တွေနဲ့အတူ ကျွန်တော့ဘဝထဲကိုဝင်လာတယ် မိုးစက်တွေနဲ့အတူခွင့်မတောင်းဘဲ ပြန်ပြီးထွက်သွားပြန်တယ် မိုးတွေရွာရင်ကော်ဖီလေးတ...