_Unicode_
တိမ်ညို၊တိမ်မဲများဖြင့်အတိဖုံးလွှမ်းနေသောကောင်းကင်ကြီးသည် မြေပြင်ပေါ်သို့ပြိုကျတော့မည့်ဟန် အုံ့မှိုင်းလို့နေသည်။ တစ်ချက်တစ်ချက်ဝေ့ဝဲတိုက်ခိုက်လာသောလေနွေးနွေးကြောင့် မကြာခင်မိုးရွာလိမ့်မည်ဟုလည်းခန့်မှန်းရ
၏။"အကို..."
"ဗျာ..."
ခေါ်သံကြောင့်ယောင်ယမ်းထူးလိုက်မိသော်လည်း စိတ်ကမည်သူမှန်းသိနေဟန်တူသည်။ ထူးလိုက်မိသည်မှာ တယဉ်တကျေး...'ဗျာ'ပါတဲ့။
"ဘာတွေလုပ်နေပြန်တာလဲ အကို၊ ခဏနေမိုးရွာမယ်နဲ့တူတယ်။"
ဘေးနား၌ဆောင့်ကြောင့်လာထိုင်ကာ စပ်စုနေသည့်ကောင်လေးအား ကျွန်တော်လှည့်ပြုံးပြဖြစ်သည်။
"ပန်းပင်လေးတွေကိုအစာကျွေးနေတာ..."
"မနက်ဖြန်ကျဖေဖေကအကို့ကိုအိမ်လာခဲ့ဖို့ အမှာပါးလိုက်တယ်။ ရွာလမ်းအတွက်ဆွေးနွေးစရာရှိလို့ဆိုလားပဲ..."
"ဟုတ်ပြီ။ အကိုလာခဲ့ပါ့မယ်။"
"ဒါပဲလား။"
ခပ်ဆတ်ဆတ်မေးလာသည့်စကားသံကြောင့် ကျွန်တော်မျက်ခုံးပင့်မိသွားရကာ ဘေးသို့စောင်းငဲ့ကြည့်လိုက်မိ၏။ ကျွန်တော့်အဝါရောင်ကလေးက ဘာကိုအလိုမကျဖြစ်သွားသလဲမသိ မျက်ခုံးတွေကိုထိလုမတတ်တွန့်ချိုးထားသတဲ့လေ။
အဝါရောင်တီရှပ်ဗြောင်ကိုမှ ဒူးမရောက်တရောက်Short pantအဝါကလေးဖြင့်တွဲဝတ်ထားသည်ကြောင့် ကျွန်တော်တိတ်တိတ်ေလးပြုံးလိုက်မိေသးသည်။ အင်း...ညဘက်မီးမရှိချိန် ကောင်လေးအားအခန်းထဲထည့်ထားလိုက်မည်ဆိုလျှင် ဖယောင်းတိုင်ပင်ထွန်းစရာလိုတော့မည်မဟုတ်။
"ဘာရယ်တာလဲ အဲ့တာ..."
မျက်စောင်းပစ်ကာ နှုတ်ခမ်းကိုချွန်လို့မေးခွန်းထုတ်လာသည်ကြောင့် ရယ်ချင်စိတ်ကိုဗိုက်ထဲအတင်းမြိုချပစ်ရ၏။
"အဟင်း ...ဘာမှမရယ်ပါဘူး။ ကဲ...အကို့ကိုပြောပါဦး။ ဘာကိုစိတ်ကောက်နေပြန်တာလဲဆိုတာ..."
"အကိုကအလုပ်ပဲလုပ်နေတာ၊ ကျွန်တော့်ကိုနည်းနည်းတောင်အဖက်မလုပ်ဘူး။"
YOU ARE READING
Here's Your Perfect [Completed]
Fanfictionနာကျင်စရာနဲ့ကြံုလာတဲ့အခါ... ကြည်နူးစရာအမှတ်တရတစ်ချို့ကိုပြန်တေွးရင်း ေဖြသိမ့်ပါ။ 25.2.2022🖤 25.7.2022🤍