_Unicode_
"မြို့ကအကိုတစ်ဝမ်းကွဲ..."
ဖုန်းကိုခပ်စူးစူးစိုက်ကြည့်ရင်းအသိပေးသလိုစကားဆိုပြီး ဖုန်းကိုစက်ပိတ်ချလိုက်၏။ ကျွန်တော့်ရင်ထဲ၌ရုတ်ချည်းဆိုသလို မေးခွန်းတစ်ခုထုတ်ချင်လာမိသည်။ ထိုမေးခွန်းဟာ စောနကကျွန်တော့်ရင်ထဲ၌ြဖစ်တည်သွားသောအပူလံုးကြီးနှင့်လည်း သက်ဆိုင်၏။
"ကိုယ်တစ်ခုလောက်မေးလို့ရမလား။"
"အင်း... မေးလေကိုကို"
လရောင်မှိန်မှိန်ဟာ ကျွန်တော်တို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်မြင်တယ်ဆိုရံုသာ။ သက်ပြင်းသဲ့သဲ့ချရင်း မေးသင့်မမေးသင့်ကိုစဥ်းစားမနေတော့ပဲ.....။
"ငယ်လေးကကိုကို့ကိုစိတ်ဝင်စားတယ်ဆိုတော့ သူများတေွပြောသလို... "
"ဟုတ်တယ် ကိုကို... ငယ်လေးကCome outလုပ်ထားတဲ့Gayတစ်ယောက်ပါ။ မိန်းမတေွကိုစိတ်မဝင်စားတာမှန်ပေမယ့် ေယာကျာ်းတိုင်းကိုလည်းကျွန်တော်စိတ်ဝင်စားမနေဘူး ကိုကို၊ ကျွန်တော့်ရဲ့Gayဆိုတဲ့ဖြစ်တည်မှုဟာ တစ်ယောက်တည်းအတွက်ပဲ...သီးသန့်"
ကျွန်တော့်စကားကိုဖြတ်၍ အသေးစိတ်ရှင်းပြနေသည့်ငယ်လေးအား ကျွန်တော်မျက်လံုးကလေးဝိုင်းလို့ငေးကြည့်နေမိပါသည်။ တစ်ယောက်တည်းအတွက်ပဲ သီးသန့်ပါတဲ့။ ထိုစကားလေးကြောင့် ကျွန်တော့်ရင်ထဲမှာကြည်နူးမှုလှိုင်းလံုးလေးတေွဟာ တဝုန်းဝုန်းနှင့်သိမ့်ခနဲသိမ့်ခနဲ။ ကျွန်တော့်အတေွးတေွဟာရိုးရှင်းခဲ့ပါသည်။ ငယ်လေးဟာကျွန်တော့်ကိုချစ်သည်ဟုဖွင့်ဟဝန်ခံထားသည်။ သို့အတွက်ကြောင့် သီးသန့်ဟူသောစကားလံုးဟာလည်း ကျွန်တော့်အတွက်ဟူ၍ သာတေွးထင်ခဲ့မိခြင်းဖြစ်၏။
"သဘောကျရာကနေတစ်ဆင့်တက်မယ်။ ကိုကိုမင်းကိုသိပ်ချစ်တယ်။ သိပ်မြတ်နိုးတယ် ကလေးငယ်ရယ်..."
ဘေးတွင်ရှိနေသူအားထေွးဖက်ကာ နှလုံးသား၏အနက်ရှိုင်းဆံုးတစ်နေရာမှလာသော စကားလံုးတို့အားဖွင့်ထုတ်ပြောပြမိသည်။ တကယ်ကိုပဲ ဒီအဝါရောင်ရပ်ဝန်းငယ်ကလေးကိုလေ ကျွန်တော့်မှာသိ်ပ်သိပ်မြတ်နိုးလိုက်ရတာ... သိပ်သိပ်ချစ်လိုက်ရတာဆိုတာ...။
YOU ARE READING
Here's Your Perfect [Completed]
Fanfictionနာကျင်စရာနဲ့ကြံုလာတဲ့အခါ... ကြည်နူးစရာအမှတ်တရတစ်ချို့ကိုပြန်တေွးရင်း ေဖြသိမ့်ပါ။ 25.2.2022🖤 25.7.2022🤍