_Unicode_
အဝါရောင်ခြယ်ကုတင်ခေါင်းရင်းနံရံထက် စီရီစွာနေရာယူနေသောဓာတ်ပံုကလေးများကို ကျွန်တော့်မှာကြည့်မဝနိုင်။ ဓာတ်ပံုများမှာ နှစ်ယောက်တွဲပံုများသလို၊ ငယ်လေး၏ပံုအတော်များများလည်းပါ၏။ ကျွန်တော့်ပံုကတော့ ကင်မရာစမ်းတုန်းကရိုက်ထားသည့် တစ်ပံုစနှစ်ပံုစသာပါသည်။ ငယ်လေးကထပ်ရိုက်ပေးမည်ပြောသော်ငြား ဓာတ်ပံုရိုက်ဝါသနာမပါသလို ပို့စ်လည်းမပေးတက်သောကြောင့် မရိုက်ဖြစ်ခြင်းဖြစ်၏။
"ဟင်း... ကိုကို"
"ဗျာ့... ကိုကိုဒီမှာရှိနေပါတယ်။"
မျက်လံုးကြီးစံုမှိတ်ပြီး အိပ်ယာထက်ဟိုစမ်းဒီစမ်းလုပ်ကာကျွန်တော့်အားရှာနေတာမို့ ဓာတ်ပံုတေွလိုက်ကြည့်နေရင်းမှအသံပေးရပြန်သည်။ သို့အပြင် လက်တစ်ဖက်ကိုလည်း ငယ်လေး၏စမ်းတမ်းစမ်းတမ်းလက်ကလေးထံသို့ ထည့်ပေးလိုက်ရသေး၏။ ထိုတော့မှ စိတ်ချသွားဟန်ဖြင့်သက်ပြင်းကလေးသဲ့သဲ့ရှိုက်ကာ ပြန်လည်အိပ်စက်သွားခဲ့ပါသည်။
ငယ်လေးကျွန်တော့်အိမ်၌ လာနေနေသည်မှာတစ်ပတ်ပင်ပြည့်ခဲ့ပြီပင်။ နေဖို့ခွင့်တောင်းစဥ်တုန်းကဆို အရီးလေးနှင့်ဦးကြီးတို့မှာ ငယ်လေးအားစိုးရိမ်ပူပန်ဟန်တစ်စက်မှမပြပဲခွင့်ပြုလိုက်တာမို့ ကျွန်တော့်မှာပေျာ်လည်းပေျာ်သလို အံ့သြတကြီးလည်းဖြစ်ခဲ့ရသေး၏။ ငယ်လေးကတော့ပြောပါသည်။
ဖေကြီးနှင့်မေကြီးက ကိုကိုနဲ့သာဆိုအရာအားလံုးကိုသဘောတူပါသတဲ့။ စကား၏အဓိပ္ပာယ်ကား တစ်မျိုးတော့တစ်မျိုးပါပင်။
"ကိုကို... နိုးနေတာကြာပြီလား။"
ကုတင်ခေါင်းရင်းဘောင်ကိုကေျာမှီထားသည့်ကျွန်တော့်ရင်ဘတ်ထံသို့ခေါင်းတင်လာကာ ရှတတလေသံလေးဖြင့်မေးခွန်းထုတ်လာ၏။ ကျွန်တော်ခေါင်းကိုအသာရမ်းပြလိုက်ရင်း...။
"မကြာသေးပါဘူး။ မနက်စာဘာစားချင်လဲ ငယ်လေး..."
"နွားနို့နဲ့ကိတ်မုန့်စားချင်တယ်။ ပြီးတော့... "
နားထင်ပေါ်သို့လက်ညှိုးကလေးထောက်ကာ မျက်လံုးကလေးကလယ်ကလယ်ဖြင့် ချစ်စရာကောင်းအောင်စဥ်းစားနေပြန်ပါသည်။ ကြည့်ရင်းအသည်းယားလာတာကြောင့် အဝါရောင်ဖဲသားညအိပ်ဝမ်းဆက်ကလေးနှင့်ခန္ဓာကိုယ်ငယ်အား ရင်ဘတ်ပေါ်သို့လံုးလံုးလျားလျားရောက်အောင်ဆွဲတင်လိုက်၏။
YOU ARE READING
Here's Your Perfect [Completed]
Fanficနာကျင်စရာနဲ့ကြံုလာတဲ့အခါ... ကြည်နူးစရာအမှတ်တရတစ်ချို့ကိုပြန်တေွးရင်း ေဖြသိမ့်ပါ။ 25.2.2022🖤 25.7.2022🤍