_Unicode_
"ကိုကို..."
တိုးလျသောခေါ်သံသဲ့သဲ့ဟာ နားထဲပဲ့တင်ထပ်လို့နေသည်။ ထင်ယောင်ထင်မှားဖြစ်ခြင်းဟုသာသတ်မှတ်၍ ကျွန်တော်ခေါင်းကိုခပ်ေဖြးေဖြးခါရမ်းပစ်လိုက်၏။ အချိန်သည်ကား ည(၁၁)နာရီကျော်ခဲ့ပြီပင်။
နေကြာခင်းဘေးတွင် အမိုးနှင့်သစ်သားခုံတန်းလေးတစ်ခုရိုက်ထားသည်။ တောထဲသွား၍ထင်းခုတ်သူများထံ၌ သစ်မှာကာ ကျွန်တော်ကိုယ်တိုင်ရိုက်ထားခဲ့ခြင်းဖြစ်၏။ ပြုလုပ်တုန်းက တစ်စုံတစ်ယောက်နှင့်အတူထိုင်ရန်အတွက်ရည်ရွယ်ခဲ့ပါသော်လည်း အခုအချိန်ထိတော့ ထိုရည်ရွယ်ချက်ဟာအထမမြောက်ခဲ့သေးပါချေ။ အဘယ့်ကြောင့်ဆိုသော် ထိုတစ်စုံတစ်ယောက်သည်ကား သုံးလကျော်သည်အထိ ကျွန်တော့်ထံပါးသို့ပြန်ေရာက်မလာခဲ့၍သေး၍ဖြစ်လေသည်။ သွားတုန်းကတော့ပြောသွားခဲ့တာ တစ်လတည်းပါတဲ့...။
"ကိုကို!"
ပုခုံးကိုပုတ်ကာအော်လိုက်တာကြောင့် လန့်ဖြန့်ကာထိုင်ေနရာမှမတ်တပ်ထရပ်မိလိုက်သည်အထိ။ ဆောင့်ဆောင့်အောင့်အောင့်ခြေသံနှင့်အတူ ရင်းနှီးနေသောကိုယ်သင်းရနံ့လေးဟာ ကျွန်တော့်အနားနီးနီးကပ်ကပ်ဝဲလာသည်။ နောက်ကျောဘက်မှလာေသာေခြသံသည်ကျွန်တော့်ရှေ့သို့ခြေစုံရပ်လာသောအခါ မြင်နေကျအဝါရောင်ပုံရိပ်ကလေးကြောင့် ထိတ်လန့်နေသည့်ကြားမှကျွန်တော်ပြုံးလိုက်မိ၏။
"ငယ်လေး..."
မျက်ခံုးတန်းတို့ကိုတွန့်ချိုးထားသည့်အလိုမကျဟန်မျက်နှာကလေးဟာ ကျွန်တော့်အမြင်မှာအနည်းငယ်နွမ်းနယ်နေသယောင်။ ပွေ့ဖက်ထိေတွ့လိုက်ချင်ပေမယ့် သုံးလဆိုတဲ့အချိန်အတိုင်းအတာဟာ ကျွန်တော့်အားအနည်းငယ်တုံ့ဆိုင်းသွားစေသည်။ ခေါင်းထဲ၌လည်း နှစ်လကျော်တောင်အဆက်အသွယ်ဖြတ်ချခဲ့ရခြင်းက ဘာကြောင့်ဆိုသောအတွေးများသာကြီးစိုး၍နေ၏။
ပါးပြင်အားထိတွေ့အုပ်ကိုင်ဖို့လှမ်းမိသည့်လက်များကို ပြန်ရုတ်လိုက်သည်။ မျက်နှာကိုလွှဲကာထိုင်ခုံပေါ်ပြန်ထိုင်ချရင်း ခေါင်းငံု့လို့ကျွန်တော်တိတ်ဆိတ်နေမိတော့၏။ သွားခါစတစ်လလောက်ကအဆက်အသွယ်ရခဲ့ပေမယ့် တစ်ပတ်နေမှတစ်ခါသာ။ ဒါတောင် ဖုန်းေပြာတိုင်းအကြာကြီးပြောရခဲ့တာမဟုတ်။ တစ်ခါပြောရမှ ဆယ်မိနစ်မျှလောက်သာဖြစ်၏။ သို့အပြင် ဘယ်ေတာ့ပြန်လာမလဲေမးတိုင်းလည်း စကားလမ်းကြောင်းကိုလွှဲလွှဲပစ်တတ်သေးသည်။ ထိုတစ်လကျော်ပြီးသည့်နောက်မှာတော့ ငယ်လေးဟာကျွန်တော့်ကိုအဆက်အသွယ်လုံးလုံးလျားလျားဖြတ်တောက်သွားခဲ့၏။ နှစ်လကျော်ကြာပြီးယနေ့မှ ဘာအကြောင်းမှမကြားပဲရုတ်တရက်ပြန်ရောက်လာခဲ့ခြင်းဖြစ်ပေသည်။
YOU ARE READING
Here's Your Perfect [Completed]
Fanfictionနာကျင်စရာနဲ့ကြံုလာတဲ့အခါ... ကြည်နူးစရာအမှတ်တရတစ်ချို့ကိုပြန်တေွးရင်း ေဖြသိမ့်ပါ။ 25.2.2022🖤 25.7.2022🤍