_Unicode_
ကိုယ်တို့ကြားမှာ ကြိုးလေးတစ်ခေျာင်းရှိတယ်။
မမြင်နိုင်တဲ့ကြိုး...
စိတ်နဲ့ချည်ထားတဲ့ ချစ်ခြင်းမေတ္တာကြိုး...။..................................။
မိုးရေစက်လေးတေွခေါင်မိုးအုတ်ကြွပ်ပြားပေါ်သို့ တပေါက်ပေါက်ကျဆင်းနေသံက ဆူညံစွာ။ ဖယောင်းတိုင်မီး၏အလင်းရောင်မှိန်မှိန်သာရှိသောအခန်းထဲဝယ် တစ်ယောက်တည်းအထီးကျန်စွာဖြင့် ကော်ဖီခွက်ဘေးချပြီးSketch bookထဲရေးမိရေးရာလေျှာက်ပြီးရေးခြစ်နေမိ၏။
ဒေါကျ! ဒေါကျ! ဒေါကျ!
တံခါးခေါက်သံသည် အလျင်လိုစွာဖြင့်ထွက်ပေါ်လာသည်မို့ ခါးမတ်သွားရသည်။ အချိန်အားဖြင့်ည(8)နာရီကေျာ်နေပြီဖြစ်ပြီး တစ်နေကုန်မိုးတဖွဲဖွဲရွာနေ၍ပတ်ဝန်းကျင်တစ်ခုလံုးစိုထိုင်းနေသည့်ကြား မည်သူကများအိမ်သို့အလည်လာရသနည်း။
"ကိုကို... ကိုကို!"
"အဲ... လာပြီဗျ! လာပြီ။"
တိုင်တွင်ချိတ်ထားသည့်သော့တွဲကိုယူကာ အိမ်ရေှ့တံခါးမကြီးနားသို့အလျင်အမြန်ပြေးကာဖွင့်ပေးရသည်။ ခြံဝကသံပန်းတံခါးကိုဖွင့်ပြီးဒီထိရောက်လာနိုင်တာဟာ ငယ်လေးတစ်ယောက်ပဲရှိမှန်း ကျွန်တော်ခေတ္တခဏမေ့လေျာ့သွားခဲ့ခြင်းဖြစ်၏။
တံခါးပွင့်သည်နှင့် ထီးဝါကလေးကိုကိုင်ကာရပ်နေသောငယ်လေးကိုတေွ့လိုက်ရသည်။
"မြန်မြန်ဆန်ဆန်မလာဘူး။ ဒီမှာ အေးလို့ခဲပါခဲပြီးတောင့်တော့မယ်။"
"ေဆာရီးပါငယ်လေးရယ်... ကိုကိုကဒီအချိန်ကြီးအိမ်ကိုလာတယ်ဆိုတော့ ဘယ်သူ၊ဘယ်ဝါမှန်းမသိလို့ကြာသွားတာပါ။"
"အရင်အိမ်ထဲေခါ်ပါဦး။ ချမ်းနေပြီ။"
ထီးကိုအနီးနားရှိတန်းတွင်ချိတ်စေကာ အိမ်ထဲကိုခေါ်သွင်းရသည်။ အဝတ်အစားတေွကိုစမ်းကြည့်မိတော့ လေတိုက်တာကြောင့်ထင် မိုးရေအနည်းငယ်စိုနေသည်မို့ ဗီဒိုထဲမှကျွန်တော့်ရဲ့အမည်းနှင့်အဖြူကွက်ချည်သားညဝတ်အကင်္ျီလေးအားထုတ်ပေးကာ လဲစေလိုက်၏။
YOU ARE READING
Here's Your Perfect [Completed]
Fanficနာကျင်စရာနဲ့ကြံုလာတဲ့အခါ... ကြည်နူးစရာအမှတ်တရတစ်ချို့ကိုပြန်တေွးရင်း ေဖြသိမ့်ပါ။ 25.2.2022🖤 25.7.2022🤍