Final Episode (uni+zawgyi)

1.6K 72 9
                                    

_Unicode_

ကုတင်စွန်းတစ်ဖက်စီတွင်ထိုင်ရင်း မျက်နှာချင်းဆိုင်မှတံခါးဆီမျက်နှာမူနေကြသောလူသားနှစ်ဦးမှာ အတန်ကြာသည်အထိတိတ်ဆိတ်လို့နေသည်။ မိနစ်အတော်ကြာကုန်လွန်ပြီးသည့်နောက်မှာမှ...။

"ကျွန်တော်တို့လမ်းခွဲကြရအောင်နော် အကို..."

တိုးလျလျဆိုညည်းသံကလေးဟာ ကြေကွဲစရာကောင်းစွာဖြင့်အက်ကွဲစွာထွက် ပေါ်လာသည်။ မဝံ့မရဲလှမ်းကြည့်လာသည့်မျက်ဝန်းညိုကလေးတွေဟာ သိပ်ကိုညှိုးငယ်လွန်းနေပါ၏။ ကျန်ရစ်ခဲ့သည့်အတိတ်တွေထဲမှမျက်ဝန်းညိုတွေသည်ကား မာနတွေအတ္တတွေနှင့်ရဲရင့်စွာစူးရှတောက်ပခဲ့သော်ငြား ယခုရင်ဆိုင်လိုက်ရ‌သောမျက်ဝန်းညိုတွေကတော့ဖြင့်...။ တကယ်တမ်း ကစားခံခဲ့ရတာကကျွန်တော်ဖြစ်ပေမယ့် ...ဒဏ်ရာတွေဗလပွနဲ့ကျန်နေခဲ့ရမှာကကျွန်တော်ဖြစ်ပေမယ့်... မဆီမဆိုင်ပါပဲ အဝါရောင်ကလေးကိုတော့ဖြင့် အထိအခိုက်နည်းစေချင်ပါသည်။

"ကိုယ်ဆွဲထားမယ်လို့ထင်သလား ကောင်လေး..."

"မထင်ပါဘူး။ အကိုကကျွန်တော့်ကို ...ချစ်တယ်လေ။"

ပြုံးဖို့အင်အားတွေမရှိသော်ငြား ရှိသမျှခွန်အားလေးတွေကိုစုပြီးတော့မှ ခေါင်းငုံ့လို့ပြုံးလိုက်မိချေသည်။ ကျွန်တော့်အဝါရောင်လေးက Jeon Jung Kookဆိုသည့်ဒီလူသားအား စကားလုံးတွေနှင့်အသေသတ်ခဲ့ဖို့များရည်ရွယ်နေလေသလား။

"မင်းသိသလား ကောင်လေး၊ ကိုယ်ကလေ...ရှေ့လျောက်မင်းဘဝထဲကိုတိတိကျကျကြီး ပါဝင်ပတ်သက်ခွင့်ရတော့မယ်ထင်‌နေခဲ့မိတာ၊ အင်း...ရူးရူးနှမ်းနှမ်းအတွေးတွေပါပဲလေ။"

ပြော‌နေရင်းဖြင့် ရှိုက်သံတစ်စွန်းတစ်စအားကြားလိုက်ရတာမို့ တစ်ဖက်ကုတင်စွန်းဆီသို့ ချက်ချင်းပင်နေရာရွှေ့သွားမိ၏။ အနှီအမျိုးသားလေး၏မျက်ရည်စတစ်စဟာ ကျွန်တော့်ရင်ကိုခွဲမယ့်ချွန်မြမြဓားတစ်လက်လို...။ ကျွန်တော့်အတွက် အချစ်ဆိုတဲ့အရာကား ကျိန်စာသင့်နေသလိုပါပင်။

"မငိုရဘူးလေကွာ..."

မြတ်နိုးရသည့်ပါးပြင်နုနုထက်မှမျက်ရည်စတို့အား လက်ဖဝါးဖြင့်ခပ်ဖွဖွပွတ်သုတ်ပေးကာ ဆူပူမိပြန်ပါသည်။ ဒီလိုအငိုသန်ပုံမျိုးနဲ့ဆို ခက်ရချည်ရဲ့...။ ရင်ခွင်ထဲမျက်နှာအပ်ပေးတော့လည်း ငြိမ်ခံနေသည်။ ထပ်မရတော့မည့် ကိုယ်သင်းရနံ့အေးအေးလေးကိုရှူရှိုက်မိတော့ လက်မလွှတ်ချင်စိတ်ကပြင်းပြင်းပြပြဖြစ်ပေါ်လာပြန်၏။ သို့ကြောင့် သက်ပြင်းတစ်ချက်ကိုသာခိုးရှိုက်ရင်း ကျောပြင်လေးအားခပ်ဖွဖွပုတ်လို့ ငိုနေသူအားနှစ်သိမ့်ခြင်းဖြင့်အာရုံပြောင်းယူရလေသည်။

Here's Your Perfect [Completed]Where stories live. Discover now