_Unicode_
"ကိုကြီး...အိမ်ေရှ့မှာမမရေလ်ချယ်ရောက်နေတယ်။"
ပျိုးအိတ်ထုပ်နှင့်မျိုးေစ့ထုပ်ကိုကျွန်တော့်ဘေးချရင်း နာနာကဆိုသည်။ နေတည်နေရာအရ အချိန်အားဖြင့်(၉)နာရီလောက်သာရှိဦးမည်ဟုထင်၏။ ရေလ်ချယ်ဆိုတာ မြောက်ဘက်ပိုင်းမှယာခင်းအချို့ပိုင်သည့်အမျိုးသမီးကြီး၏ သမီးဖြစ်လေသည်။
"ပျိုးအိတ်ထဲကိုမြေဆွေးနည်းနည်းဆီထည့်ထားပေး၊ ငါခဏပဲ...ပြန်လာမယ်။""အေးဆေးလုပ်ပါ။ ဒါကိုနာနာလုပ်လိုက်ပါ့မယ်။"
ပြီတီတီမျက်နှာဖြင့်ပြောနေသောနာနာ့အား ခပ်နာနာလေးပိတ်ခေါက်ပစ်လိုက်ချင်သည့်စိတ်ကို ဗိုက်ထဲမြိုချကာ လက်သီးသာထောင်ပြလိုက်၏။ တစ်ရွာလုံးကကျွန်တော်နှင့်ရေလ်ချယ့်ကိုသဘောတူကြသည်မို့ စနောက်တာမျိုးကရံဖန်ရံခါရှိတတ်သည်ပင်။
နောက်ဖေးရှိမြေဆွေးပုံဘေးတွင်အလုပ်လုပ်နေခြင်းမို့ ညစ်ပတ်နေသည့်လက်အားရေကန်တွင်ဝင်ဆေးကာသန့်ရှင်းပြီးမှ အိမ်ရှေ့သို့ထွက်လာခဲ့လိုက်သည်။
"ရေလ်ချယ်...ရောက်နေတာကြာပြီလား။"
ကွပ်ပျစ်အစွန်းတွင်လက်ေထာက်ကာထိုင်နေသည့်ေရလ်ချယ့်ဘေးခပ်လှမ်းလှမ်းတွင်ဝင်ထိုင်လိုက်ကာ မေးမြန်းလိုက်၏။
"မကြာသေးပါဘူး ကိုကြီးရဲ့...ချယ့်ကြောင့်ကိုကြီးအလုပ်လုပ်ေနတာကိုအနှောက်အယှက်ဖြစ်သွားသလား ဟင်"
ကြည်လင်ေအးမြေသာအသံသည် နားထဲသို့ပြေပြစ်စွာတိုးဝင်သည်။ မျက်လုံးကလေးလှန်ကာတစ်ချက်ကြည့်ပြီး အကြည့်ခြင်းဆုံချိန်မျက်လွှာချသွားပုံက နူးညံ့သိမ်မွေ့စွာ။ တည်ငြိမ်သည့်သွင်ပြင်ရှိပြီးအေးချမ်းလှသည့်မျက်နှာလေးကိုပိုင်ဆိုင်ထားသည့်ရေလ်ချယ်ဟာ ရွာရဲ့ဘုရင်မလေးတစ်ပါးပင်ဖြစ်၏။
"မဖြစ်ပါဘူး ရေလ်ချယ်၊ ဒါနဲ့...မလာစဖူးလာတယ်ဆိုတော့ အရေးကြီးကိစ္စများရှိလို့လား။"
"အရေးကြီးကိစ္စတော့မဟုတ်ပါဘူး ကိုကြီး၊ ပန်းပင်လေးတွေဝယ်ချင်လို့ရယ်..."
YOU ARE READING
Here's Your Perfect [Completed]
Fanfictionနာကျင်စရာနဲ့ကြံုလာတဲ့အခါ... ကြည်နူးစရာအမှတ်တရတစ်ချို့ကိုပြန်တေွးရင်း ေဖြသိမ့်ပါ။ 25.2.2022🖤 25.7.2022🤍