Episode_14 (uni+zawgyi)

524 28 3
                                    

_Unicode_

"မြန်မြန်လေးဟေ့! မြန်မြန်လေး!"​

သဲပံုးများကိုလက်ဆင့်ကမ်းသယ်နေကြသူများအား ဘိလပ်မြေဖေျာ်ဖို့ရာစောင့်နေသည့်ရွာသားတစ်ယောက်ကဆော်သြနေခြင်းဖြစ်၏။ ယနေ့တွင် လမ်းခင်းခြင်းသည်သံုးရက်မြောက်ခဲ့ပြီဖြစ်သလို​ ရွာထိပ်မှစခင်းခဲ့သောကိုယ်ထူကိုယ်ထဘိလပ်မြေခင်းလမ်းကလေးဟာလည်း လမ်းအဆံုးသို့ပင် ရောက်ခဲ့ပြီဖြစ်၏။

ကျွန်တော်နှင့်ရွာသားသံုးယောက်က ဘိလပ်မြေဖေျာ်ရာ၌တာဝန်ယူထားပြီး အခြားရွာသားများကတော့​ လမ်းခင်းသည့်နေရာ၌အလှည့်ကျတာဝန်ယူသည်။ ရွာသူမိန်းမပျိုလေးများကတော့​ ဟင်းချက်သည့်နေရာမှာရေလ်ချယ်နှင့်ကူသူရှိသလို​ ဘိလပ်မြေဖေျာ်သည့်နေရာသို့​ သဲပံုး၊ ကေျာက်ပံုး၊ ဘိလပ်မြေပံုးနှင့်​ရေပံုးများကို လိုသလောက်လက်ဆင့်ကမ်းပေးနေသူများလည်းရှိ၏။

"အမောပြေအအေးလေးလာသောက်ကြပါအုံး။"​

အအေးပံုးအားသယ်လာသောမိန်းမပျိုလေးများက လှမ်းအော်သည်နှင့် ရွာသားများကလုပ်လက်စများကိုချကာထိုအနားသို့အပြေးသွားကြတော့၏။ တစ်ခါသံုးစက္ကူခွက်ကလေးနှင့်လိေမ္မာ်ရည်ဝေပေးနေသူကတော့​ ဒူးအောက်နားထိရှည်သောအညိုရောင်ဂါဝန်ကလေးအား​ ​ပနံသင့်စွာဝတ်ဆင်ထားသည့်​ ရေလ်ချယ်သာပင်။

"​ကိုကြီး... နေ့လည်စာအဆင်ပြေရဲ့လား။"​

မြောင်းဘောင်ပေါ်ဆောင့်ကြောင့်ထိုင်နေသောကျွန်တော့်ဘေးသို့လာကာ မေးခွန်းထုတ်လာသည့်ရေလ်ချယ်ကြောင့် ပြုံးရံုသာပြုံးပြီး ခေါင်းတစ်ချက်ဆတ်ပြလိုက်၏။ ငယ်လေးဟာ ရေလ်ချယ်နှင့်ဖော်ဖော်ရေွရေွစကားစမြည်ပြောခြင်းအားမကြိုက်မှန်းသိထားပြီမို့ အရင်ကထက်ကိုပိုပြီးစည်းတားမိခြင်းပါပင်။

"အအေးထပ်ယူအံုးမလား ကိုကြီး..."

"မယူတော့ဘူး ရေလ်ချယ်၊ ခဏနေရင် ထယ်ယောင်းလာမှာ..."​

"အော်..."​ ဟုရေရွတ်ကာ​ ခေါင်းလေးငံု့သွားသည့်ရေလ်ချယ့်အား,​အားနာမိသော်လည်း 'သွားလိုက်အံုးမယ်'ဟုဆိုပြီး အနီးနားရှိအမှိုက်ခြင်းနားသို့သွားကာ ခွက်အားလွှင့်ပစ်လိုက်၏။ ရေလ်ချယ်နှင့်တတ်နိုင်သမျှဝေးဝေးနေချင်ပါသည်။ တော်ကြာ ငယ်လေးကသူမကြိုက်တာကိုလုပ်လို့စိတ်ဆိုးပြီးပစ်သွားခဲ့ရင်​ ကျွန်တော်ရူးရမည်ဖြစ်၏။

Here's Your Perfect [Completed]Where stories live. Discover now