EPISODE_9

446 36 2
                                    

_Unicode_

နာကျင်စရာနဲ့ကြံုလာတဲ့အခါ...
ကြည်နူးစရာအမှတ်တရတစ်ချို့ကိုပြန်တေွးရင်း
ေဖြသိမ့်ပါ။

...................................။

ကျွန်တော့်ထံပါးဆီသို့တရေွ့ရေွ့လှမ်းလာနေသည့် အဝါရောင်ပံုရိပ်ငယ်ကလေး....။ Canvasပေါ်၌ေဆးခြယ်နေသောစုတ်တံကိုင်ထားသည့်လက်ကိုဖယ်ရှားလိုက်ကာ ကျွန်တော်ကြည်ကြည်နူးနူးပြုံးလိုက်မိတော့၏။

အရင်ရက်များကလို အဝါရောင်ရှပ်အကင်္ျီလက်ရှည်ကလေးနှင့်ခြေမျက်စိနားထိရှည်သောအနက်ရောင်စတိုင်ပန်ကို​သေသပ်စွာဝတ်ဆင်ထားပြီး​ အဖြူရောင်​ sneakerလေးကိုတော့ ခြေဖဝါးနုနုလေးတေွအနာတရမဖြစ်အောင်​အကာအကွယ်ယူစီးနင်းထား၏။ ပံုစံကိုကြည့်လိုက်တာနှင့်​brandedတေွမှန်းသိသာသည့်အဆင်အပြင်တေွနှင့် တည်တင်းနေသည့်မျက်နှာထား၊ တင်းတင်းစေ့ထားသည့်နှုတ်ခမ်းပါးတို့ကြောင့် ငယ်လေးထံ၌အရှိန်အဝါတစ်ခုကအစဥ်အမြဲကပ်ငြိလို့နေသည်။ ရွာထဲကလူငယ်၊လူကြီး​ မည်သူမဆိုမော်မကြည့်ရဲသည်အထိဖြစ်၏။

"ထူးထူးဆန်းဆန်းပါလား ကိုကို၊ မနက်အစောပိုင်းကြီးကိုအလုပ်မလုပ်ပဲ ဒီမှာပန်းချီလာဆွဲနေတယ်လား။"

ခံုတန်းပေါ်တွင် စုတ်တံများနှင့်ေဆးဘူးများတင်ထားတာမို့  ခပ်မြန်မြန်ဖယ်ပေးကာ ပေါင်ပေါ်တင်ထားသည့်အဝတ်ကလေးဖြင့်​ခံုကိုပွတ်သပ်သုတ်သင်ပေးလိုက်သည်။ ငယ်လေးကကျွန်တော်သန့်ပေးလိုက်သောနေရာတွင်ဝင်ထိုင်ကာ ရေးလက်စပန်းချီကားကိုစိတ်ဝင်တစားစူးစမ်းနေ၏။

"ဒီနေ့ကိုကို့မှာအထေွအထူးလုပ်စရာရယ်လို့မရှိလို့ပါ​ ငယ်လေးရဲ့... နောက်ပြီး​ မနက်ဖြန်မြို့သွားရမှာဆိုတော့ ဒီနေ့ကတည်းကအနားယူထားမှ...ကားမောင်းရတာအရမ်းပင်ပန်းတယ်လေ... "

"​မြို့...ဟုတ်လား။"

မြို့ဆိုသည့်စကားကြောင့် ထယ်ယောင်း၏ကေျာပြင်ကလေးမတ်ခနဲဖြစ်သွားရသည်။

"အင်းလေ ငယ်လေး..."

"​ဘာသွားလုပ်မှာလဲကိုကို... ငယ်လေးကိုရောအတူေခါ်သွားပါလား ဟင်"

Here's Your Perfect [Completed]Where stories live. Discover now