_Unicode_
ရွာတွင်လမ်းခင်းဖို့ရာအတွက် ဘိလပ်မြေ၊ ကေျာက်စရစ်ခဲ၊ သဲနှင့်အခြားသောပစ္စည်းပစ္စယများဝယ်ရန်အတွက် ဦးကြီးအိမ်မှထရပ်ကားတစ်စီးကိုယူကာ မြို့သို့နေမဝင်ခင်ထွက်ခဲ့ကြသည်။ ကားရေှ့ခန်းတွင်တော့ ကျွန်တော်နှင့်အတူ ဆောင်ယန်းသည်အဖော်အနေနှင့်ပါလာခဲ့၏။ လိုက်မည်တကဲကဲလုပ်နေသောအိမ်ကအဆိုးအဆာလေးကိုတော့ တစ်ညအိပ်နှစ်ရက်ခရီးမို့ပင်ပန်းမည်စိုးတာကြောင့်မခေါ်ခဲ့ခြင်းပါပေ။
"ယောကျာ်းမာယာနဲ့မိန်းမမာယာမှာ ဘယ်ဟာကပိုကြောက်စရာအကောင်းဆံုးလို့ထင်လဲ ကိုကြီး..."
စထွက်စဥ်ကတည်းကတစ်လေျှာက်လံုးတိတ်ဆိတ်လာခဲ့သည့်ဆောင်ယန်းသည် လမ်းတစ်ဝက်ကျိုးခါနီးခါမှ အမေးစကားတစ်ခုနှင့်အတူအသံထွက်လာခဲ့၏။ အမေးကလည်းအဆန်းပေမို့ ဘယ်ဘက်မျက်ခံုးစပ်ကိုလက်သည်းနှင့်ကုတ်ခြစ်လို့စဥ်းစားခန်းဖွင့်ရင်း ဆောင်ယန်းအားဖျတ်ခနဲတစ်ချက်ငဲ့ကြည့်လိုက်မိသည်။ ထိုအခိုက် ဆံုသွားသည့်ဆောင်ယန်း၏မျက်ဝန်းများထဲ၌ စိုးရိမ်ရိပ်နှင့်စူးစမ်းရိပ်တို့အားဒွန်တွဲလျက်မြင်လိုက်ရသည်မို့ ပို၍ထူးဆန်းသွားမိပါ၏။
"ဘယ်လိုပြောရမလဲ။ ယောကျ်ားတေွကိုမေးရင်တော့ မိန်းမတို့ရဲ့မာယာကပုိပြီးကြောက်စရာကောင်းတယ်လို့ဖြေကြမှာ... ဒီလိုပဲ မိန်းမတေွကိုမေးရင်လည်း ယောကျာ်းတေွရဲ့မာယာကပိုပြီးကြောက်စရာကောင်းတယ်လုိ့ဖြေကြမှာပဲကွ..."
ဤသည်မှာအမှန်ပါပင်။ ကိုယ့်မျက်ခေျးကိုယ်မမြင်ပဲအခြားသူအပေါ်လက်ညှိုးထိုး၍ အပြစ်ပံုချဝေဖန်ချင်ကြတာဟာ လူသားတေွရဲ့အကျင့်ပဲမဟုတ်လား။ သို့သော် ေဆာင်ယန်းကတော့ကျွန်တော့်အဖြေအား လံုးဝကိုကေျနပ်ပံုမရပဲ မျက်ခံုးများကိုတွန့်ချိုးလို့ ခပ်ပြတ်ပြတ်စကားတစ်ခုကိုဆိုလာခဲ့ပြန်ပါသည်။
"ကိုကြီးအမြင်ကိုပဲမေးတာ... "
'ဟင်း'ခနဲသက်ပြင်းတစ်ချက်ဆောင့်ချမိ၏။ မာယာများသည့်သူတေွနှင့်မဆံုဘူး၊မကြံုဘူးတာမို့ ဘယ်သူကပိုကြောက်စရာကောင်းမှန်းမခန့်မှန်းတတ်။ သို့ပေသည့် တအားကိုကျွန်တော့်အမြင်အားသိချင်နေသည့်ဆောင်ယန်းကြောင့် ဖြစ်ချင်ရာသာဖြစ်ဟုတေွးပြီး ဆန့်ကျင်ဘက်လိင်ကိုသာရေွးလိုက်မိပါသည်။
YOU ARE READING
Here's Your Perfect [Completed]
Fanfictionနာကျင်စရာနဲ့ကြံုလာတဲ့အခါ... ကြည်နူးစရာအမှတ်တရတစ်ချို့ကိုပြန်တေွးရင်း ေဖြသိမ့်ပါ။ 25.2.2022🖤 25.7.2022🤍