_Unicode_
ေဒါကြီးမောကြီးဖြင့်ခပ်သုတ်သုတ်လှမ်းသွားသောခြေလှမ်းတေွနောက် ကျွန်တော်ဒယောသောပါးပြေးလိုက်ရသည်။ သို့သော် ရွာထိပ်ရောက်သည်အထိငယ်လေး၏အရိပ်ကလေးကိုတောင်မမြင်ရတာမို့ စိတ်ညစ်ညူးသွားရကာ ရိုင်းလွန်းတယ်ဟုပြောလိုက်မိေသာကိုယ့်ပါးစပ်ကိုသာနာနာရိုက်မိပါ၏။
"ဗျို့ ဦးကြီး... ဦးကြီးရှိသလားဗျ"
ခြံဝိုင်းထဲသို့ခပ်သုတ်သုတ်လှမ်းဝင်ကာ ဦးကြီးအားတကြော်ကြော်အော်ခေါ်နေမိသည်။ ငယ်လေးအားလမ်းမှာမတေွ့ခဲ့သည်မို့ အပေါင်းအသင်းမရှိသောမာနခဲလေးသည်အိမ်သို့သာသေချာပေါက်ပြန်လာလိမ့်မည်ဟုမှတ်ယူကာလိုက်လာခဲ့ခြင်းဖြစ်၏။ ကျွန်တော့်ရဲ့အလောတကြီးေခါ်သံကြောင့် အိမ်ထဲမှအရီးလေးထွက်လာကာ...။
"ဘာကိစ္စလဲ လူလေး၊ ရွာထဲမှာဘာအရေးကြီးကိစ္စများရှိလို့ဒီလောက်အမောတကောဖြစ်လာရတာလဲကွဲ့..."
"မရှိပါဘူး အရီးလေး၊ ကျွန်တော်ငယ်လေး... အဟမ်း! ထယ်ယောင်းဆီလာတာပါ။ သူအိမ်မှာရှိတယ်မဟုတ်လား။"
ကျွန်တော့်အမေးကြောင့် အရီးလေး၏မျက်ခံုးအစံုမှာပင့်တက်လို့သွားပြီး...။
"မင်းဆီကိုသွားမယ်ဆိုပြီးစက်ဘီးနဲ့ထွက်သွားတာပဲ၊ ဒါပေမယ့် ဆယ်မိနစ်တောင်မကြာလိုက်ဘူး မျက်နှာကြီးမှုန်မှိုင်းပြီးပြန်လာတယ်။ ခဏလောက်ကြာတော့ အကင်္ျီပြန်လဲပြီးရွာထိပ်ဘက်ကိုပြန်ထွက်သွားလေရဲ့..."
အရီးလေးပြောပံုအရဆို ငယ်လေးကျွန်တော့်အိမ်ကိုရောက်ခဲ့မှာသေချာသည်။ မျက်နှာကြီးမှုန်မှိုင်းကာပြန်လာရသည့်အကြောင်းကိုလည်း အနည်းငယ်ရိပ်မိသလိုရှိလာ၏။ အိမ်၌ဆောင်ယန်းနှင့်ဟွန်မင်းသာကျန်ခဲ့ပြီး အလုပ်သမများကတော့ ခြံထဲမှာငရုတ်သီးခူးနေကြသည်ပင်။ ဆောင်ယန်းနှင့်ဟွန်မင်းသည် အရင်တစ်ခါကကိစ္စအားမကေျနပ်၍ သူတို့ပါးစပ်ဖျားမှာတင်ရှိနေသောေရလ်ချယ်နှင့်ကျွန်တော့်အကြောင်းကို ငယ်လေးအားဖောက်သည်ချကြပ်လိုက်ခြင်းသာဖြစ်မည်ထင်၏။
YOU ARE READING
Here's Your Perfect [Completed]
Fanfictionနာကျင်စရာနဲ့ကြံုလာတဲ့အခါ... ကြည်နူးစရာအမှတ်တရတစ်ချို့ကိုပြန်တေွးရင်း ေဖြသိမ့်ပါ။ 25.2.2022🖤 25.7.2022🤍