_Unicode_
ချိန်းဆိုထားသောဟိုတယ်၏ကားပါကင်တွင်ကားရပ်ပြီးသော်လည်း ကားပေါ်မှနှစ်ယောက်စလုံးမဆင်းဖြစ်ကြ။ ငြိမ်သက်နေသောကားအတွင်းလေထုဟာ မကြာခင်ပြဿာနာကြီးတစ်ခုဖြစ်တော့မည်မှန်း သူ့အသိစိတ်အားရိုက်ခတ်အသိပေးနေသလိုပင်။ တိတ်ဆိတ်မှုသည်မိနစ်ပိုင်းလောက်ကြာသည်အထိကြီးစိုးခဲ့ပြီးနောက်မှာတော့ အကို့ထံမှသက်ပြင်းချသံသဲ့သဲ့ဟာခြောက်ခြားဖွယ်ထွက်ပေါ်လာခဲ့လေသည်။ စိတ်အလိုအရဘေးသို့လှည့်ငေးမိတော့ အရောင်ဖျော့နေသောမျက်ဝန်းနက်တို့နှင့်အကြည့်ချင်းဆုံ၏။
"သွားရအောင် ကောင်လေး"
အကိုသည် ပေါင်ပေါ်တင်ထားသောသူ့လက်သီးဆုပ်ကလေးအားဖွဖွဆုပ်ကိုင်ကာ အပြုံးယဲ့ယဲ့ကလေးနှင့်ဆိုသည်။ အပြစ်ရှိသောသူဟာ အကို့ရဲ့တွေဝေမှုများနှင့်မျက်နှာရိပ်ကိုကြည့်ကာ ရင်ထဲ၌မွန်းကြပ်မှုဟာအဆမတန်ကြီးထွားလာခဲ့၏။ အားနာရပါသည်။ သို့အတူ နာကျင်ရပါသည် အကိုရယ်...။
ဖြေးညှင်းစွာခေါင်းငြိမ့်ပြတော့ ခေါင်းကိုလက်ဖဝါးဖြင့်ခပ်ဖွဖွအုပ်ကိုင်ကာ ကားပေါ်မှဆင်း၏။ မကြာလိုက်သောအချိန်မှာတော့ သူ့ဘက်မှတံခါးချပ်ဟာ အကို့လက်ချောင်းများ၏စေစားမှုကြောင့် ပွင့်ဟလာခဲ့ပါ၏။
နာမည်ကြီးဟိုတယ်ကြီး၏အပြင်အဆင်ဟာ ယခုအချိန်၌ သူ့စိတ်အာရုံအားမဆွဲဆောင်နိုင်။ အကောင်းစားမှဘာမှဆိုတာတွေသည်လည်း အတွေးထဲ၌မရှိ။ ဘေးနား၌ကပ်လျက်လျှောက်နေသူ၏လက်ဖျံမှ စိန်းဖန့်ဖန့်အကြောတွေကိုငေးရင်းသာ တိတ်ဆိတ်နေမိပါသည်။ သူ့စိတ်ထဲမှာသိနေသည်။ ထင်နေသည်။ အကိုဟာတစ်စုံတစ်ရာကိုတော့ ရိပ်စားနေမိခဲ့လောက်ပြီပင်။ မဟုတ်လျှင် အကိုဟာယခုကဲ့သို့တိတ်ဆိတ်နေလောက်မည်မဟုတ်ပါချေ။
"ယူချောလ်ဂျုံး..."
"ဒီမှာပါရှင့်..."
Receptionတွင်ကိုကို့၏နာမည်ကိုပြောရုံနှင့် ဝန်ထမ်းမိန်းကလေးသည်အခန်းသော့တစ်ခုအားထုတ်ပေးလာ၏။ သော့တွင်'VVIP'ဟူသောတံဆိပ်ပါကာ အခန်းနံပါတ်သည် '10'ဖြစ်လေသည်။
"ဒီဟိုတယ်ကသူ့အပိုင်ထဲကတစ်ခုလေ၊ ဒါကြောင့် အလွယ်လေးရခဲ့တာ..."
YOU ARE READING
Here's Your Perfect [Completed]
Fanfictionနာကျင်စရာနဲ့ကြံုလာတဲ့အခါ... ကြည်နူးစရာအမှတ်တရတစ်ချို့ကိုပြန်တေွးရင်း ေဖြသိမ့်ပါ။ 25.2.2022🖤 25.7.2022🤍