|1|

238 23 0
                                    

အထက်တန်းကျောင်းတစ်ခုရဲ့ အမှတ်စာရင်းboard‌ ရှေ့ကျောင်းသားများစုဝေးနေ
စဥ်သူတို့ပါးစပ်ဖျားမှနာမည်တစ်ခု...

"အီထယ်ယုံး?"

"အီထယ်ယုံးကထပ်ပြီးအမှတ်အများဆုံးလား"

"ဝါးးးအီထယ်ယုံးဘဲဟ"

"သွားကြည့်စရာမလိုအောင်ထိပ်ဆုံးမှာ အီထယ်ယုံးဘဲ"

ဟုတ်တာ‌ပေါ့ အီ ထယ် ယုံး!
အီထယ်ယုံးဆိုတာမသိတဲ့လူမရှိအောင်ကိုသိပ်နာမည်ကြီးတဲ့ကျောင်းသား။
ကျောင်းစာကလွဲဘာမှမသိတဲ့သူ့ကိုလူတိုင်းက
အီထယ်ယုံးအနေနဲ့သိကြခြင်းမဟုတ်ဘဲ "ရေခဲတုံး" အဖြစ်သိကြခြင်းသာ...၊
အပြုံးအရယ်လဲမရှိ၊စကားလဲ‌မပြောဘဲ၊လောကကြီးအကြောင်းကိုဘာဆိုဘာမှစိတ်မဝင်စားတဲ့‌ ရေခဲတုံးပေါ့၊

ဘယ်သူတွေသိကြမလဲထိုကောင်ငယ်လေးရဲ့ငယ်ဘဝက အရယ်အပြုံးတွေနဲ့ပြည့်နှက်ခဲ့ပြီးသိပ်ပျော်ဖို့ကောင်းခဲ့တာကို...
flash back*
ငါးနှစ်အရွယ်ကလေးလေးကအိမ်အဝမှာသူ့အဖေပြန်လာမှာကိုစောင့်နေသတဲ့၊သူ့အဖေကကတိပေးခဲ့သည်မလား ခရီးကပြန်ရောက်ရင်မုန့်တွေဝယ်လာမယ်လို့၊ ဒီနေ့ဟာလဲသူ့အဖေပြောသွားသည့်ခရီးကပြန်ရောက်မည့်နေ့ဖြစ်သည်။ဒါပေမယ့်သူ့အဖေကပြန်မလာနိုင်တော့မဲ့ခရီးဝေးကြီးကိုနှင်သွားခဲ့ပြီဆိုတာထိုကလေးငယ်ဘယ်သိလိမ့်ပါမလဲ...။

ထယ်ယုံးအဖေကခရီးသွားတဲ့လမ်းမှာမတော်တဆမှုကြောင့်အသက်ဆုံးရှုံးသွားခဲ့ရသည်။ထယ်ယုံး၏ဦးလေးဖြစ်သူဂျာနီမှာလဲသိသိချင်းဘဲထယ်ယုံးကိုခရီးကနည်းနည်းလောက်ထပ်ကြာဦးမယ်ဟုလိမ်ကာထယ်ယုံးအဖေကိစ္စအကုန်လုံးကိုထယ်ယုံးမသိအောင်ဆောင်ရွက်ခဲ့ရသည်။
အခုလည်းဘဲဒီဘာမှမသိတဲ့ကလေးငယ်ကသူ့အဖေပြန်လာဖို့ကိုမျှော်နေသတဲ့၊

"ယုံးလေး"

"..."

ဘာမှပြန်မဖြေလာဘဲအိမ်အပြင်ကိုဘဲမျှော်နေတဲ့ကလေးငယ်...၊

"ဦးဦးဂျာနီ...ဖေဖေကဘာလို့ပြန်မလာသေးတာလဲဟင် သားကတွေ့ချင်လှပြီကို"

မျက်ရည်လေးတွေဝိုင်းပြီးပြောလာတဲ့ကလေးငယ်ကိုဂျာနီသနားလွန်းလို့ဘာမှပြန်မပြောနိုင်ခဲ့၊

"ဖေဖေကဘာမှလှမ်းမပြောသေးဘူးလားဟင်"

သူမဖြေမချင်းမေးနေပုံရမဲ့ကလေးငယ်ကြောင့်ဂျာနီလိမ်လိုက်ရပါတော့သည်။

"ဖေဖေက...ကြာဦးမယ်တဲ့ယုံးလေးရဲ့"

ချက်ချင်းမျက်နှာညိုးကျသွားတဲ့ကလေးငယ်ကသူ့အဖေကိုဘယ်လောက်တောင်လွမ်းနေတာပါလိမ့်!တစ်ဆက်ထဲမှာဘဲဂျာနီကပြန်လာရင်အရုပ်တွေပါဝယ်လာမယ်ပြောလိုက်တာနဲ့အရောင်လက်သွားတဲ့မျက်ဝန်းလေးတွေကရိုးသားလိုက်တာ.....

လိမ်မိပါတယ်။အဖြူရောင်လိမ်ခြင်းမျိုးနဲ့လိမ်မိပါတယ်။

နောက်ပိုင်းမှာထယ်ယုံးလည်းအရွယ်ရောက်လာပြီးသူ့ဖခင်ရဲ့အကြောင်းလဲသိသွားတဲ့နောက်အမြဲပြုံးရယ်နေတတ်တဲ့ကလေးငယ်ကနေအရယ်အပြုံးမရှိတော့တဲ့ကောင်ငယ်လေးအဖြစ်သွားလဲသွားခဲ့တာအခုချိန်ထိပင်...၊

ထိုကောင်လေးရဲ့အပြုံးအရယ်တွေကိုပြန်နိုးထလာအောင်လုပ်ဆောင်ပေးနိုင်မဲ့လူသားကိုသိချင်မိပါ၏။

TBC...

skyဖြစ်ပါတယ်ယောရော်ဘွန်း!!!🌿
ဒီမျက်ဝန်းညိုတွေကိုလိုက်ပါစီးမျောပေးကြပါဦး။အလစ်တဲ‌လေးနည်းသွားပါတယ်🥺
ဒါပေမယ့်!စိတ်ချပါနော်နောက်တစ်ပါတ်အတွက်ရှည်အောင်ရေးပေးထားတာမို့ဟီးဟီး><
နောက်တစ်ပတ်မှာပြန်တွေ့ကျတာပေါ့နော်🤎

Love=brown eyesWhere stories live. Discover now