ကျောင်းတက်ဘဲလ်တီးသံ*
"အားလုံးဘဲ ဒီနေ့အတန်းထဲကိုကျောင်းသားသစ်ရောက်လာတာမို့ဂရုစိုက်ပေးလိုက်ကြဦး"
"အာညော် ဒိုယောင်းလို့ခေါ်တယ် ကင်မ် ဒို ယောင်း၊အားလုံးနဲ့ခင်ချင်ပါတယ်"
ထယ်ယုံးထိုကောင်လေးကိုအမှတ်တမဲ့လှမ်းကြည့်မိလိုက်ပါသည်။ တစ်ဆက်ထဲမှာဘဲအမျိုးအမည်မသိတဲ့နွေးထွေးမှုတချို့ကိုထိုကောင်လေးအပြုံးတွေထံမှရရှိခဲ့ပါသည်။ရင်ဘတ်ထဲမှာလိပ်ပြာလေးတွေပျံနေတယ်ဆိုတာဒါမျိုးများလား?
ပြီးတာနဲ့သူ့ဘေးကိုလာထိုင်တဲ့သူစီကနေငြီးငြူသံသေးသေးလေးထွက်လာတော့သည်။"အာ...ပထမဆုံးနေ့ရဲ့ပထမဆုံးအချိန်ကအင်္ဂလိပ်စာတဲ့"
ဘေးမှကျောင်းသားသစ်ရဲ့အသံကြောင့်
ထယ်ယုံးလှည့်ကြည့်လိုက်မိကာမှထိုလူသားထံတွင်မျက်ဝန်းညိုများရှိကြောင်းသိခဲ့ရသည်။လှလိုက်တဲ့မျက်ဝန်းညိုတွေ...
ထယ်ယုံးစိတ်ထဲတွင်ရွတ်လိုက်မိခြင်းဖြစ်ပြီးအပြုံးလှလှလေးကိုပါပန်ဆင်မိလိုက်သေးသည်။ထိုအပြုံးလှလှလေးကိုဘေးကလူကလဲမျက်လုံးထောင့်လေးကနေတစ်ဆင့်မြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။ထို့အတူ...
အပြုံးလှလှလေးလို့ပါတိတ်တိတ်လေးရေရွတ်လိုက်သေးသည်။
စာသင်ချိန်သုံးချိန်ပြီးသည့်နောက်တွင်တော့ကင်မ်ဒိုယောင်းတို့မျှော်လင့်နေခဲ့သည့်ထမင်းစားချိန်ရောက်လာခဲ့ပြီဖြစ်သည်။
"ထမင်းစားချိန်လဲရောက်ပြီဆိုတော့ဒီနေ့တော့ဒီလောက်ဘဲ သွားလို့ရပြီ"
စကားအဆုံးရှင်းလင်းသွားသည့်အတန်းထဲတွင်ဒိုယောင်းနှင့်ထယ်ယုံးနှစ်ယောက်သာကျန်ခဲ့သည်။
အေးစက်နေသည့်အခန်းတွင်းလေထုအားအသံချိုချိုဖြင့်ဖြိုခွင်းလိုက်သူမှာဒိုယောင်း...
"ဟိုလေ ထယ်ယုံးရေ"
ထယ်ယုံးတဲ့နွေးနွေးထွေးထွေးလေးခေါ်လိုက်တာ!
ထယ်ယုံးနဲ့တောင်မခင်ဘဲနဲ့လေ?"အင်း"
ဒိုယောင်းလဲရင်တွေတုန်နေပါသည်။သူ့ပုံစံကအေးတိအေးစက်နဲ့ရယ်ဒိုယောင်းလိုလူမှုဆက်ဆံရေးကောင်းတဲ့သူတောင်စကားပြောဖို့ကြောက်မိသည်အထိ၊
