|9|

92 18 4
                                    

"ယုံးးးး!"

ထယ်ယုံးဆိုင်ကိုရောက်လာရင်မနက်တိုင်းကြားနေကြအသံပေါ့။ဟုတ်တယ် ထယ်ယုံးနေ့တိုင်းဒီဆိုင်ကိုလာဖြစ်‌တာ၊ဂျီဆောင်းကစာမေးပွဲရှိတော့လူမရှိတာနဲ့ထယ်ယုံးလာလာကူပေးနေရတာပေါ့။အလုပ်ကိစ္စလား?
တကယ်တော့CEOကအလုပ်ကိစ္စလို့အကြောင်းပြပြီးဘာမှလုပ်စရာသိပ်မရှိတဲ့ဒီနေရာကိုသူ့ကိုလွှတ်လိုက်တာပြောရရင်ခွင့်ရက်ရှည်လိုဘဲပေါ့။

"အင်း"

ပြောင်းလဲမသွားတဲ့တုံ့ပြန်သံတစ်ခုဘဲ။သူသိပ်သဘောကျရတဲ့လူစီကပေါ့၊ဒါပေမယ့်ဒီနေ့တော့ထူးခြားတယ်သူကပြုံးပြီးပြန်ဖြေလာတာတဲ့!သဘောကျချင်စရာဘဲ။

"ဝါးးးဒီနေ့လူများလိုက်တာ"

"အင်း ပိတ်ရက်မလို့ထင်တယ်"

"တကယ်ပင်ပန်းတယ်"

ငြီးငြူသံသေးသေးလေးပေါ့ ပထမဆုံးစတွေ့တဲ့ရက်ကလိုငြီးငြူသံလေး...။

"ဟို..."

ဘာများပါလိမ့် သူ့ကိုစကားစနေတာမလား?

"ငါတို့ခနလောက်အပြင်အတူသွားကြမလား"

အပြင်အတူတူ!ဘာလဲ ဘာလဲအီထယ်ယုံး ငါကိုထပ်ပြီးမျှော်လင့်ချက်တွေပေးနေပြန်တာလား?

"အင်း ရတာဘဲ"

မျှော်လင့်ချက်ဆိုလဲဘာဖြစ်လဲ သူနဲ့အပြင်အတူသွားရမှာဘဲကို

"ဟင် နေကြာတွေ"

ခေါ်လာတဲ့နေရာကမြို့ထဲကနေနည်းနည်းဝေးတဲ့မြို့ပြင်ဘက်ကနေကြာခြံတဲ့။

"အင်း မင်းသဘောကျတယ်မလား"

ငါသဘောကျတယ်ဆိုလို့ခေါ်လာပေးတာလား ငါ့အတွက်လား?

"ယုံး"

"ဟင်"

"မင်းဒီကိုဘယ်လိုပြန်ရောက်လာတာလဲ"

"ဘာလို့လဲ"

"အော် ရုတ်တရက်ကြီးရောက်လာတာမလား"

"ခွင့်ရက်ရှည်ရလို့ပြန်လာဖြစ်တာ"

"ခွင့်ရက်ရှည်?"

"အင်း အဲ့လိုပြောလို့ရတယ်"

နေကြာတွေကိုလဲမြင်ရောပြုံးနေလိုက်တာ...
နေကြာတွေကိုအဲ့လောက်တောင်သဘောကျလားမျက်ဝန်းညို?

နေကြာတွေကိုသဘောကျတာထက်မင်းသိမ်းထားတဲ့နေကြာရိုင်းလေးကိုပိုသဘောကျတာပါမြတ်နိုးရာ...။

______________________________________
နေကြာတွေကအမြဲနေမင်းကြီးကိုငေးနေရသလို
ချစ်ရသူကပြန်ပြီးချစ်ခြင်းတွေမပေးတဲ့အခါမှုနာကျင်ရတယ်မလား။
______________________________________

"6နာရီတောင်ရှိပြီ ပြန်ကြတော့မလား"

"အင်း ပြန်မယ်လေ"

ခူးလာတဲ့နေကြာတစ်ပွင့်ကိုကိုင်ရင်းထပ်ပြီးစကားတွေပြောမိနေတာဘဲ။

"ဘယ်တော့လောက်ပြန်ဖြစ်မှာလဲ ယုံး"

"လကုန်လောက်မှပါ"

"အာ လကုန်လား"

"အင်း ဒီအတောအတွင်းတော့မင်းဆိုင်မှာဘဲငါရှိဖြစ်မှာ ဘယ်မှလဲသွားစရာမရှိဘူးလေ"

"အော် အင်းပါ"

အနည်းဆုံးတော့လမကုန်ခင်အထိမျက်နှာလေးမြင်ရဦးမှာမလား။ဒါဆိုလုံလောက်ပါပြီ ချစ်ခြင်းတွေပြန်မရရင်တောင်မျက်နှာလေးကိုငေးခွင့်ရနေတာဘဲ လုံလောက်နေပါပြီ။

ညနေစောင်းမှိန်ပြပြနေရောင်ခြည်ကသူ့မျက်နှာနုနုပေါ်ကျဆင်းတဲ့အခါမျက်ဝန်းညိုတွေဟာမြတ်နိုးစရာကောင်းသလိုလေ‌ပြည်အေးအေးတွေကသူ့ပါးပေါ်ကဖြတ်သွားတဲ့အခါသဝန်တိုစရာကောင်းနေပြန်ရော။

ဖြစ်နိုင်ရင်သတ္တိရှိရှိနဲ့လောကကြီးကိုအော်ပြောပစ်ချင်ပါတယ် မင်းဟာငါ့အပိုင်လို့ ဒါပေမယ့်ငါကသတ္တိမှမရှိခဲ့တာအချစ်ရယ်အဲ့တော့လဲမင်းကိုနာကျင်စေယုံပေါ့။

ည၁၁:၀၀*

ဒိုယောင်းတစ်ယောက်မအိပ်သေးဘဲသူ့စာကြည့်မီးအိမ်လေးကိုဖွင့်ပြီးအညို‌ရောင်စာအုပ်လေးထဲတစ်နေ့တာကိုမှတ်တမ်းတင်နေလေရဲ့၊

စားပွဲထောင့်ကအိုးလေးထဲနေရာယူထားတဲ့ခပ်နွမ်းနွမ်းနေကြာပန်းလေးရယ်စာအုပ်ညိုထဲကလက်ရေးညီညီလေးတွေရယ်...

"ဒီနေ့မင်းနဲ့အတူနေကြာခင်းကိုသွားခဲ့တယ်။မင်းကနေကြာပန်းလဲခူးပေးသေးတယ်။ငါနဲ့လဲစကားတွေအများကြီးပြောပြီးငါ့ကိုလဲပြုံးပြခဲ့တာအကြိမ်ကြိမ်ဘဲ။ညနေမှာလဲမင်းနဲ့အတူအိမ်ပြန်ခဲ့တယ်။မင်းကိုလဲဒီနေ့ပိုချစ်ခဲ့တယ်။"

______________________________________
မင်းကသာနေမင်းကြီးဆိုငါကနေကြာပန်းလေးပေါ့
မင်းကသာကြယ်လေးဆို ငါကကြယ်လေးကိုလိုချင်တဲ့ကလေးငယ်ပေါ့
မင်းကသာအချစ်ဆို ငါကအချစ်ရူးလေးပေါ့ယုံး
______________________________________

TBC...

မနေ့ညကမျက်လုံးနာလာလို့အပ်ဒိတ်မလုပ်မိတာခွင့်လွှတ်ပါဗျာ😿🧡

Love=brown eyesWhere stories live. Discover now