မျက်ဝန်းညိုပြီးသွားပေမယ့်အားလုံးသိချင်နေကြမယ်ထင်တဲ့အကြောင်းအရာလေးတွေကိုရှင်းပြချင်လို့ရောက်လာခဲ့တာပါ။💙
1.ကင်မ်ဒိုယောင်းအသေးစားလို့ခေါ်တဲ့ကလေး?
အဲ့ကလေးပိစိကတော့ရှင်းပါတယ်။အီထယ်ယုံးကမိဘမဲ့ဂေဟာကနေမျက်ဝန်းညိုနဲ့တူတယ်ဆိုပြီးခေါ်မွေးစားထားတဲ့ကလေးငယ်ပါ။2.အီထယ်ယုံးကမြို့ငယ်လေးကနေထွက်သွားခဲ့လား?
Skyရဲ့စိတ်ကူးယဥ်တိုင်းပြည်မှာတော့သူဟာထွက်မသွားခဲ့ပါဘူး။ကျန်ခဲ့တဲ့မျက်ဝန်းညိုကော်ဖီဆိုင်မှာအလုပ်လုပ်ရင်းနေထိုင်နေပါတယ်။3.မြို့ငယ်လေးလို့ပြောခဲ့ပေမယ့်မြို့ပြလိုပုံစံဖြစ်နေခဲ့သလား?
ဒီမြို့ကိုနာမည်တပ်ပြီးပြောလို့မရတဲ့မြို့ပါskyရဲ့စိတ်ကူးထဲကနေရာငယ်ဖြစ်တာကြောင့်အတိအကျပြောဖို့ခက်ပါတယ်။မြို့ငယ်ဆိုတာထက်သူဟာလဲမြို့ပါဘဲဒါပေမယ့်လူနေမထူထပ်ဘဲအသင့်အတင့်ရှိပြီးသဘာဝတရားကဖုံလွှမ်းထားတဲ့အေးချမ်းတဲ့မြို့တစ်ခုပါ။မြက်ခင်းစိမ်းတွေရှိမယ်။ပန်းခင်းဝါတွေရှိမယ်။နေကြာတွေရှိမယ်။တောင်ကုန်းငယ်လေးတွေရှိမယ်။စိတ်ပျော်ရွှင်စရာရပ်ဝန်းငယ်တစ်ခုပါ။4.ကင်မ်ဒိုယောင်းကအီထယ်ယုံးကိုစိတ်ဆိုးနေခဲ့လား?
စိတ်မဆိုးခဲ့ပါဘူး။သူ့နောက်ဆုံးအချိန်မှာလဲကြိုးလက်ကောက်လေးကိုဝတ်ထားခဲ့ပြီးအီထယ်ယုံးကိုချစ်ကြောင်းတွေရယ်တောင်းပန်ကြောင်းရယ်ပြောပြီးအီထယ်ယုံးကမ္ဘာငယ်ကနေထွက်သွားခဲ့တာပါ။5.အီထယ်ယုံးဟာကင်မ်ဒိုယောင်းကိုတကယ်ချစ်ခဲ့ပါသလား?
တကယ်ချစ်ခဲ့ပါတယ်ဖော်ပြလို့မရအောင်ထိချစ်ခဲ့ပြီးမြတ်နိုးခဲ့ပါတယ်။တန်ဖိုးထားခဲ့ပါတယ်။
ကာကွယ်ပေးချင်ခဲ့ပါတယ်။ပိုင်ဆိုင်ချင်ခဲ့ပါတယ်။ဒါပေမယ့်သူဟာဖွင့်ပြောဖို့ကိုသတ္တိမရှိတဲ့လူသားတစ်ယောက်ဖြစ်နေတာကြောင့်ငေးကြည့်ယုံအဆင့်မှာဘဲရှိနေခဲ့တာပါ။နှစ်ဖက်လုံးဟာခံစားချက်ကိုယ်စီနဲ့နာကျင်ရတဲ့အဆင့်ပေါ့။မျက်ဝန်းညိုကိုSEလုပ်ခဲ့လို့စိတ်မဆိုးပါနဲ့နော်။
စရေးဖို့စဉ်းစားမိတည်းကSEဘက်ကိုအားသန်ခဲ့တာမို့ပါ။ဒါပေမယ့်စိတ်မပူပါနဲ့နောက်တစ်ပုဒ်ကိုတော့ပျော်ဖို့ကောင်းတာလေးရေးဖို့စဉ်းစားထားပါတယ်။><
အားလုံးလဲသိချင်တာတွေမရှိတော့ဘူးထင်လောက်ပါတယ်။ဒါဆိုဒါကမျက်ဝန်းညိုအတွက်နောက်ဆုံးရတဲ့updateဖြစ်ပြီးနှုတ်ဆက်ပါတယ်ရှင်။💛
![](https://img.wattpad.com/cover/306375342-288-k150497.jpg)