|6|

104 17 2
                                    

မေလရောက်လာပြန်ပြီ။မင်းမရှိတဲ့မေလကိုငါတစ်ယောက်ထဲထပ်ပြီးဖြတ်သန်းရဦးမှာဘဲယုံး

ဒီရက်ပိုင်းရှင်သန်ရတာအရင်လိုပျော်စရာမကောင်းတော့ဘူး၊မင်းကိုသတိရတိုင်းသွားကြည့်တတ်တဲ့ပန်းဝါဝါတွေကလဲဝမ်းနည်းနေသယောင်၊
ငါဆိုတာလဲပြိုတော့မဲ့မိုးလိုမျိုး၊ကြိုးစားပြီးရှင်သန်ရင်းပျော်ယောင်ဆောင်နေရတယ်ယုံး...မင်းမရှိတည်းကဘဲ။
______________________________________
မေ့ဖို့ကြိုးစားမိတိုင်းမင်းဆိုတဲ့နွံကပိုနစ်ဝင်ချင်စရာ...
______________________________________

"မေလကငါတို့စတွေ့ခဲ့တဲ့လဘဲ။"

အတိတ်ကိုပြန်ရောက်သွားပုံရတဲ့မျက်ဝန်းညိုတစ်စုံ...

"လွမ်းလိုက်တာ မင်းပုံရိပ်လေးကိုရောမင်းပေးခဲ့ဖူးတဲ့နှင်းဆီနီတွေကိုရော"

မင်းပြောဖူးတယ်နော်ယုံးနှင်းဆီနီ‌တွေရဲ့အဓိပ္ပါယ်က"ငါမင်းကိုချစ်တယ်"ဖြစ်ကြောင်း...အခုပြန်တွေ့ရင်လေမင်းကိုမေးချင်တယ်ယုံး ငါ့ကိုတကယ်ချစ်ခဲ့တာလား လို့၊

"ပန်းဝါတွေဘဲ"

ခပ်နွမ်းနွမ်းအပြုံးတစ်ခုကိုသာပန်ဆင်မိပါသည်။
အိမ်ပြန်လမ်းကမင်းနဲ့အတူရှိတုန်းကလိုစိုပြေမနေတော့ဘူးမဟုတ်လား။
______________________________________

"Doyoungie hyung!"

"အင်း Jusung ah"

"ဒီမှာကြည့်လာတဲ့လမ်းမှာကျွန်တော်တွေ့ခဲ့တာ၊hyungသဘောကျမယ်ထင်လို့လေ ဒီရက်ပိုင်းစိတ်ညစ်နေတယ်မလား"

သိပ်ချစ်ဖို့ကောင်းတဲ့ကလေးပါဘဲ။သူ့ကိုလဲအကိုအရင်းတစ်ယောက်လိုတအားခင်တွယ်ရှာသေးတာ၊
အခုလဲသူစိတ်ပျော်အောင်ပန်းခူးလာပေးသည်တဲ့။

"လှသားဘဲ ဘာပန်းလဲJisung ah"

"Lilacပန်းလို့ပြောတာဘဲ"

အာ...Lilacတွေကိုး

"အင်းသဘောကျတယ်Jisung ahကျေးဇူးနော်"

ထပ်ပြီးခပ်နွမ်းနွမ်းအပြုံးနဲ့သာ၊

လူတိုင်းမှာအချစ်ဦးဆိုတာတော့ရှိစမြဲမလား
တစ်ခုခုဆိုအရင်သတိရတတ်တဲ့လူပေါ့၊
ငါ့အတွက်ဒီLilacပန်းလေးကမင်းကိုရည်ညွှန်းတယ်ယုံး...
ခရမ်းရောင်တွေကပြောတဲ့အမှတ်တရတွေကိုငါမြတ်နိုးတယ်ယုံး မင်းလဲငါတို့အမှတ်တရတွေကိုမမေ့သွားဘူးမလားဟင် နှလုံးသားရဲ့တစ်နေရာမှာသိမ်းဆည်းထားတုန်းမဟုတ်လားဟင် အဲ့ထဲကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ငါ့ကိုရော...
ငါတို့စ‌တွေ့တဲ့မေလကိုရောမင်းမှတ်မိနေတယ်မလား
______________________________________
Lilacတွေကအချစ်ဦးကိုကိုယ်စားပြုပါတယ်တဲ့
ခရမ်းရောင်တွေကအမှတ်တရတွေကိုပါတဲ့
______________________________________
"ငါလေ...နာကျင်လိုက်ရတာယုံးရယ်"

အသံတိတ်ငိုနေမိပြန်ပြီဘဲ။

ငါထင်ခဲ့တာငါတို့ကအမြဲအတူရှိရမယ်လို့လေဒါပေမယ့်ဘယ်သူတွေသိမလဲအနီးဆုံးမှာရှိနေခဲ့တဲ့မင်းက
ငါ့အတွက်တော့အဝေးကြီးကကြယ်ကလေးတစ်လုံးဖြစ်ခဲ့တယ်ဆိုတာ...အဲ့အဝေးဆုံးကြယ်လေးကိုမှငါကလဲရွေးပြီးမြတ်နိုးမိခဲ့တယ်ဆိုတာအဲ့ဒါကဘဲငါ့ကိုတဖြည်းဖြည်းသတ်သလိုဖြစ်နေတယ်ဆိုတာ

ခံစားချက်တွေထပ်တူမကျရင်နာကျင်ရတယ်ဆိုတာအမှန်၊ငေးရုံနဲ့ပျော်နိုင်တယ်လို့ထင်ခဲ့ဖူးတယ်ဒါပေမယ့်လဲငါ့မြတ်နိုးရာလေးမလားငါလဲပိုင်ဆိုင်ကြည့်ချင်တာပေါ့ယုံးရယ် ဘယ်သူမှမမြင်အောင်ဖွက်ထားချင်တဲ့အထိချစ်ခဲ့တာ
ချစ်ခြင်းဆိုတဲ့အရာကိုကျော်သွားရင်မြတ်နိုးခြင်းကိုရောက်တယ်တဲ့ငါဟာမင်းကိုအဲ့လောက်ထိချစ်ခဲ့တာပါယုံး။

"မင်းကတော့ပြောခဲ့တယ်နော်ထာဝရတဲ့...မင်းပြောတာကိုငါမင်းကိုမယုံခဲ့သင့်ဘူးယုံးရဲ့"

ယုံခဲ့မိလို့ငါနာကျင်နေရတာမလား။

Flash back*

"အရူးလေးမငိုနဲ့တော့"

"မင်းကငါ့ကိုထားခဲ့ရင်ဘယ်လိုလုပ်မလဲ"

"ငါကမင်းကိုထားခဲ့စရာလား"

"ကတိပေး"

"အင်းကတိ!ငါမင်းကိုထားမသွားဘူး...ထာဝရ"

______________________________________
မတည်မြဲတဲ့ထာဝရ...၊
______________________________________

TBC...

စိတ်အခြေအနေကတကယ်ပြိုတော့မဲ့မိုးလိုပါဘဲ
နောက်ရက်တွေအပ်ဒိတ်နောက်ကျခဲ့ရင်တောင်းပန်ပါတယ်လို့ပြောပါရစေယောရော်ဘွန်း
တအားကိုစိတ်ညစ်စရာတွေပြည့်နေလို့ပါ...😅

Love=brown eyesWhere stories live. Discover now