*ဆေးရုံမှာနေရတာအခုဆိုတစ်ပတ်ကျော်ပြီ။ပျင်းလားဆိုရင်တော့သေချာပေါက်ဘယ်ပျင်းမလဲ။ယုံးကနေ့တိုင်းအဖော်လုပ်ပေးတယ်လေ။ဒီလိုမျိုးတစ်သက်လုံးနေသွားရင်ကောင်းမယ်။*
ဒိုယောင်းရဲ့အညိုရောင်ဒိုင်ယာရီထဲကထယ်ယုံးနဲ့ပတ်သတ်တဲ့ချစ်စရာလက်ရေးနုနုတွေပေါ့၊
"Young ah~~"
"အော်!"
"ငါဘာယူလာလဲကြည့်ကြည့်"
"ဟင် လက်ကောက်လား"
"အင်း မင်းအတွက်ငါလုပ်ထားတာလေ"
ကြိုးလက်ကောက်လေးဘဲ။အပြာရောင်ကြိုးလက်ကောက်လေးပေါ့ ပြီးတော့ယုံးကဒါကိုသူကိုယ်တိုင်ကျစ်ထားတာတဲ့!
"ငါ့အတွက်လား"
"ဒါပေါ့ မင်းအပြင်ဘယ်သူရှိလို့လဲယောင်းရဲ့"
"ဟီးဟီးလှလိုက်တာ"
"မင်းလက်ပေါ်မှာဆိုပိုလှမှာ"
ပြောရင်းဆိုရင်းလက်ကောက်ကိုသူကိုယ်တိုင်ဒိုယောင်းလက်မှာဝတ်ပေးလေရဲ့၊တကယ်ကိုလှတာဘဲ။
"သဘောကျရဲ့လားငါ့ရဲ့ဒိုယောင်းဂီ"
"မင်းပေးတာဆိုအကုန်သဘောကျတယ်"
______________________________________
မင်းသိလားယောင်းငယ် ကိုယ်ချစ်ရတဲ့သူကိုဒီလိုကြိုးလက်ကောက်လေးကျစ်ပြီးလက်ဆောင်ပေးရင်အဲ့ဒီလူကကိုယ်နဲ့အတူသက်ဆုံးတိုင်ချစ်ချစ်ခင်ခင်နေနိုင်တယ်တဲ့၊
ဟုတ်တယ်။ကိုယ်ဆုံးဖြတ်လိုက်ပြီယောင်းငယ်
ကိုယ်မင်းကိုဖွင့်ပြောတော့မယ်။
______________________________________"Yong ah~~"
"ဟင်"
"မင်းငါ့ကိုထားခဲ့တုန်းကလေ"
ဘာလို့အဲ့အကြောင်းတွေအစဖော်ပြန်တာလဲချစ်သောရယ်။
"..."
"ငါမင်းကိုနေ့တိုင်းစောင့်နေခဲ့တာ မင်းပြန်လာမလားဆိုပြီး"
အကြာကြီးစောင့်ခိုင်းခဲ့မိလို့အားနာလိုက်ရတာချစ်သောရယ်။
"နေ့တွေကနေနှစ်တွေဖြစ်လာတယ်။
ဒါပေမယ့်မင်းကပြန်မလာခဲ့ဘူး။
ငါလေအဲ့အချိန်တုန်းကရူးမတတ်ဘဲ သိလား"