မျက်ဝန်းညိုတွေနဲ့အိမ်ပြန်လမ်းကတူနေတာမို့
ထယ်ယုံးတို့အတူပြန်ခဲ့ကြပါသည်။canolaပန်းခင်းကြီးကိုဖြတ်သန်းလာတဲ့လေနွေးနွေးတို့ကြားမှာနှလုံးသားတစ်စုံကလဲနွေးထွေးကောင်းနွေးထွေးနေပါလိမ့်မည်။2 weeks later~
"ထယ်ယုံးရေ!!!!"
ထယ်ယုံးနဲ့မျက်ဝန်းညိုတွေရဲ့အိမ်ကလမ်းလေးခွဆုံသည့်လမ်း၏မျက်နှာချင်းဆိုင်လမ်းနှစ်လမ်းတွင်ရှိခြင်းဖြစ်သည်။ထိုလမ်းဆုံတွင်ငါးပေါင်မုန့်ဆိုင်ရှိသည့်အတွက်ထိုမျက်ဝန်းညိုတွေကသူ့ကိုအမြဲငါးပေါင်မုန့်ဝယ်ပြီးကျောင်းအတူသွားဖို့စောင့်နေလေ့ရှိပါသည်။အခုလဲလူကိုမြင်တာနဲ့လှမ်းခေါ်နေတာမသိရင်နှစ်ပေါင်းများစွာဝေးကွာသွားတဲ့ချစ်သူနှစ်ဦးပြန်တွေ့သည့်အတိုင်း...၊
"ဘာလို့အသံကျယ်ကြီးနဲ့လျှောက်အော်နေတာလဲ"
"ဟီးဟီးးးရော့ငါးပေါင်မုန့်ပူပူလေး"
"ကျေးဇူး"
"ရားးးကင်မ်ဒိုယောင်း"
ဂျောင်ဝူးမှသူ့အားစိတ်ဆိုးနေဟန်နှင့်လှမ်းခေါ်နေခြင်းဖြစ်သည်။ဘေးမှဂျယ်ဟျွန်းကလဲငါလဲဘာမှ
မတက်နိုင်ဘူးဆိုသည့်အကြည့်ဖြင့်၊ဂျောင်ဝူးနှင့်ဂျယ်ဟျွန်းသည်လဲထိုလမ်းလေးစုံ၏လမ်းတစ်လမ်းထဲတွင်နေခြင်းဖြစ်သည်။ထို့ကြောင့်ဒိုယောင်းကမနက်ကဝင်ခေါ်မယ်ဟုပြောထားသော်လဲသူ့ရေခဲတုံးအတွက်ငါးပေါင်မုန့်ဝယ်နေရခြင်းကြောင့်သွားမခေါ်နိုင်ခဲ့ခြင်း…၊အခုလဲဂျောင်ဝူးကသူ့ကိုလာမခေါ်ဘဲဟိုတစ်ယောက်အတွက်ကျငါးပေါင်မုန့်ဝယ်ပေးသည်ဟုဆိုကာစိတ်ကောက်ခြင်းဖြစ်သည်။
"ဂျောင်ဝူးရေ တောင်းပန်ပါတယ်နော် မနက်ဖြန်ဝင်ခေါ်မယ်လေ အဲ့ဒါကြောင့်စိတ်မဆိုးနဲ့တော့နော် နော်လို့"
"မနက်ဖြန်တစ်ကယ်ဝင်ခေါ်မှာလား?"
"အင်းဒါပေါ့ ငါတို့အငယ်ဆုံးလေးကိုမနက်ဖြန်သေချာပေါက်ပထမဆုံးလာခေါ်မယ်"
"အဲ့ဒါဆိုလဲပြီးရော"
ကင်မ်ဂျောင်ဝူးကအဲ့လိုလူစားမျိုး၊ဘယ်လောက်စိတ်ဆိုးစိတ်ဆိုးသူ့သူငယ်ချင်းလေးရဲ့စကားမှာအမြဲပြန်ပျော့ပါသွားတာမျိုး။