ငါ...ငါလဲမင်းကိုသဘောကျပါတယ်"
ဟုတ်တယ်ဒိုယောင်းသိပ်ကိုစိတ်လှုပ်ရှားနေခဲ့တာ၊အခုတော့သူ့ကမ္ဘာကြီးကရပ်တန့်သွားပြီ...သူ့ကိုမြတ်နိုးရာလေးကလဲသဘောကျတယ်တဲ့!
"ယုံးရေ ငါလေ ငါအိမ်မက်မက်နေတာမဟုတ်ဖူးမလားဟင်"
မျက်ဝန်းထဲမှာလဲအရည်ကြည်တွေဝေ့လို့နဲ့ရယ် ဒီလိုကျတော့လဲမျက်ဝန်းညိုလေးကချစ်စရာကလေးလေးကျနေရော။
"အိမ်မက်ဆိုလဲအိမ်မက်ပေါ့ ငါကဘာမှမပြောခဲ့ဘူးလို့သဘောထားလိုက်"
ပြောကာမြက်ခင်းပြင်တွေဘက်ကိုပြေးထွက်သွားတဲ့ဒီလူသား...မျက်နှာမှာလဲအရယ်အပြုံးတွေအပြည့်နှင့်၊နောက်ကလိုက်ဖမ်းတဲ့လူသားမှာလဲအပြုံးအရယ်များနှင့်၊
"ရားးးအီထယ်ယုံး ငါမလိုက်နိုင်တော့ဘူး"
"ဟားဟား ကင်မ်ဒိုယောင်းမင်းငါ့ကိုလိုက်လို့မမှီပါဘူး"
"မောလိုက်တာ နောက်ကျမင်းကိုလိုက်မဖမ်းတော့ဘူးတော်ပြီ"
စူပုတ်ပုတ်နှင့်ပြောလာပြန်သည့်ပုံမှာတကယ့်ကိုကလေးပေါက်စနှင့်တူနေသည်။
အီထယ်ယုံးကလေသိပ်ပြုစားနိုင်တာဘဲ၊ငါ့ကိ့ဘဲပြုံးပြပြီးငါ့ကိုဘဲစကားပြောပြီးအဲ့လိုနေတဲ့သူ့ပုံစံကလုံးဝငါ့အပိုင်နဲ့တူလိုက်တာ...
"ရား!ကင်မ်ဒိုယောင်း"
"အင်း"
"ဒီမှာကြည့်"
"နေကြာပန်းလား?"
"အင်းဟိုတစ်ခေါက်ကမင်းပေးထားတဲ့ဟာ"
နေကြာပန်းရိုင်းလေးလား?သူကိုယ်တိုင်တူတယ်လို့ပြောပြီးပေးထားတဲ့ပန်းလေးလေ အဲ့ဒါကိုယုံးကသိမ်းထားတာတဲ့!
"ဒီပန်းကိုမင်းကိုပြန်ပေးမယ်"
"ဘာလို့လဲ"
"ပေးရင်ယူထားလိုက်ပေါ့ စကားကိုများတယ်"
လက်ထဲကိုထည့်ပေးခံလိုက်ရတဲ့နေကြာပန်းခြောက်လေး၊
______________________________________
အဝါရောင်ပန်းလေးကပြောတယ်အဆုံးမဲ့ချစ်ခြင်းမေတ္တာတွေကမင်းအတွက်ပါတဲ့...။
______________________________________