"ကြိုဆို..ပါတယ်..."
ဟင် မျက်ဝန်းညို!
ဒီ...ဒီဆိုင်ကသူ့ဆိုင်လား ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ...ဘာလို့ခုထိ..စောင့်နေသေးတာလဲ!"စောင့်နေခဲ့တာ...ယုံး"
ဟင့်အင်းမပြုံးနဲ့!!ငါ့ကိုအဲ့လိုပြုံးပြီးမကြည့်နဲ့ ငါ..ငါနေရခက်လို့ပါ တောင်းပန်ပါတယ်ငါ့ကိုအဲ့လိုမြတ်နိုးမှုအပြည့်ပါတဲ့မျက်ဝန်းတွေနဲ့မကြည့်ပါနဲ့ ငါရူးသွားလိမ့်မယ်...
"ငါ...ငါ"
"ရပါတယ် ငါနားလည်ပါတယ်"
ထယ်ယုံးတစ်ယောက်ခွေကျမသွားယုံတစ်မယ်ပင်၊
အားမရှိတော့တဲ့ခြေထောက်တွေကြောင့်တံခါးလက်ကိုင်လေးကိုတင်းကျပ်နေအောင်ဆုပ်ကိုင်ထားရသည်။သူကလဲ...အခုထိစောင့်နေတုန်းတဲ့!
ထယ်ယုံးအငွေ့ပျံပြီးပျောက်သွားလိုက်ချင်ပါသည်။
တကယ်ကိုနေရခက်တဲ့ကျဉ်းထဲကျပ်ထဲအခြေအနေဘဲ။"ငါတို့စကားပြောကြမလားဟင် ယုံး"
"ဟင်"
နောက်ဆုံးတော့လဲခေါ်ဆောင်သူနောက်ကိုမငြင်းနိုင်ဘဲလိုက်လာမိပါသည်။ခေါ်လာရာနေရာကတော့သူတို့အမှတ်တရတွေလိုလတ်ဆတ်နေဆဲcanolaပန်းခင်းတွေစီ...၊
"လှနေတုန်းဘဲနော်"
"အင်း အရင်အတိုင်းဘဲ"
ပန်းခင်းဝါကြီးကိုကြည့်နေတဲ့အကြည့်တွေကမြတ်နိုးစရာကောင်းလိုက်တာအဲ့အကြည့်တွေကသူ့ကိုကြည့်နေတဲ့အကြည့်တွေသာဆိုပိုတောင်ကြည်နူးရမှာပေါ့။
"မင်းမှတ်မိသေးလား မင်းကငါ့ကိုဟိုနားမှာအဖြေပေးခဲ့တာလေ"
လက်ညိုးထိုးပြီးပြတဲ့နေရာကမြက်ခင်းစိမ်းတွေရယ်ပန်းဝါတွေရယ်စပ်ကြတဲ့လမ်းထောင့်ချိုးလေး၊
"ပြီးတော့မင်းငါ့ကိုဒီနေရာမှာကတိပေးသွားတာလေ"
မှိုင်းညို့ညို့မျက်ဝန်းတစ်စုံကဘာလို့အဲ့လောက်ထွက်ပြေးချင်အောင်လုပ်နေရတာပါလဲ။
"မင်းသိလားမင်းကြိုက်တဲ့ငါးပေါင်မုန့်ဆိုင်လေးကပိတ်သွားတာကြာပြီ"
ဘာလို့မင်းဒါတွေကိုအစပြန်ဖော်နေတာလဲ မျက်ဝန်းညို၊
နေနိုင်လိုက်တာယုံးရယ် ငါဒီလောက်ပြောနေတာတောင်ဘာမှပြန်မပြောဘဲနေနေတာ ငါ့ကိုတစ်ချက်လောက်ဖြစ်ဖြစ်ငဲ့ကြည့်ပါဦးလားကွာ။