မနက်၇:၀၀*
"ဒိုယောင်း"
"ကင်မ်ဒိုယောင်း~"
ဒိုယောင်းအိမ်တံခါးကိုခေါက်ပြီးအဆက်မပြတ်ခေါ်နေတဲ့အသံတစ်ခု၊
"ဟင်"
ခေါ်သံကြောင့်နိုးလာခြင်းဖြစ်သည်။ပြီးတာနဲ့အပြေးတံခါးသွားဖွင့်တော့မြင်လိုက်ရသည်ကမြတ်နိုးရာ။
"ယုံး"
"အွန်း"
ပြုံးရွှင်နေပြီးမနက်စောစောဘာလာလုပ်တာပါလိမ့်?
"ဟင် နေရောကောင်းရဲ့လား"
"ငါလားကောင်း..ကောင်းပါ…တယ်"
ထယ်ယုံးပေါ်ကိုမှီပြီးလဲကျလာတဲ့ခန္ဓာကိုယ်လေး…၊
"ယောင်း ယောင်းရေ"
ခေါင်းတွေတအားမူးနေတဲ့ကြားကကြားဖြစ်အောင်ကြားလိုက်ပါသေးသည်"ယောင်း"တဲ့။
*****
မနက်အစောကြီးဆေးရုံပြေးရသေးပါသည်။
ကင်မ်ဒိုယောင်းဆိုတဲ့မောင်ခေါင်းမာကနေမကောင်းတာကိုဘာဆေးမှမသောက်ဘဲပေတေနေတော့မူးလဲသည်အထိဖြစ်သွားတာကြောင့်၊"တခြားဘာမှတော့ထွေထွေထူးထူးမဖြစ်ဘူးမလားဟင်ဆရာ"
"အားနည်းနေတာရယ်စိတ်ထိခိုက်တာရယ်ကြောင့်နှလုံးရောဂါအခြေအနေကပိုဆိုးသွားတာပါ လူနာကိုပျော်အောင်ထားပေးရင်ကောင်းမယ်"
"နှလုံးရောဂါ…လို့ပြောတာလား?"
"နှလုံးရောဂါရှိနေတာပါ"
"အာာဟုတ်ကဲ့ ဒါနဲ့ကုလို့ရမဲ့နည်းလေး..."
"နည်းလမ်းအတတ်နိုင်ဆုံးရှာနေပေမယ့်လဲ စိတ်မကောင်းပါဘူး"
နှလုံးရောဂါတဲ့ မင်းကတကယ်မောင်ခေါင်းမာဘဲယောင်းရယ်ငါ့ကိုတောင်တစ်ခွန်းမပြောခဲ့ဘူး။
တစ်ယောက်ထဲဘယ်လောက်တောင်နာကျင်နေလိုက်မလဲ…။"ဟင်"
ကုတင်ဘက်ကနေအသံထွက်လာလို့ကြည့်လိုက်တော့နိုးလာပြီဘဲ။
"နိုးပြီလားယောင်း"
အတတ်နိုင်ဆုံးဘာမှမသိတဲ့ပုံစံနဲ့ပြုံးရင်းပြောလိုက်ပါသည်။
"ငါဘာလို့အဲ့လိုဖြစ်သွားတာတဲ့လဲ"
"အော် အားနည်းလို့တဲ့ရက်နည်းနည်းနေလိုက်ရင်ရပြီ"
"ဟုတ်လား"
"အင်း အခုဆန်ပြုတ်သောက်တော့မလားယောင်း"
"ယောင်း လို့ခေါ်နေတာလား"
"ဒါပေါ့ယောင်းရဲ့ ဘာလို့လဲ"
"ဘာမှမဖြစ်ပါဘူးဟီးဟီး အာာာဗိုက်ဆာတယ်"
"ဒီမှာ ပူသေးတယ်ဖြည်းဖြည်းသောက်"
ယောင်းလို့ခေါ်တာကိုလဲကြိုက်သလိုဒီလိုဂရုစိုက်ပေးတာကိုလဲကြိုက်တယ်အထူးသဖြင့်မင်းကိုဒီလိုမြင်တွေ့နေရရင်ကိုကြိုက်တယ်။
"အွန်း ဒါနဲ့မင်းရောဘာစားပြီးပြီလဲ"
"မုန့်စားပြီးပြီလေ ကိုယ့်ဘာသာဘဲဂရုစိုက်ပါမောင်ခေါင်းမာရဲ့"
"မောင်ခေါင်းမာ?ငါကခေါင်းမမာပါဘူးနော်"
"ဟုတ်ပါပြီ ဟုတ်ပါပြီ ဟဟ"
"ယုံး! ငါတကယ်ခေါင်းမမာဘူးလို့!"
"သိပါပြီဆို စားစရာရှိတာစား"
ဆန်ပြုတ်ငုံ့စားတာတောင်သူ့ကိုမျက်စောင်းထိုးဖြစ်အောင်ထိုးလိုက်သေးတဲ့သူပင်။
ဒီလိုအချိန်တွေကိုသိမ်းထားချင်တယ်ယုံးရယ် အချိန်တွေခဏလောက်ဖြစ်ဖြစ်ရပ်ထားလို့မရဘူးလား ဟင်?
နေ့လည်၂:၀၀*
"အာာာာာာ"
"ကဲ ဘာဖြစ်ရပြန်ပြီလဲကိုယ်တော်ချောရယ်~"
ငြိုငြင်တဲ့အသံမဟုတ်ဘဲ"ဘာလုပ်ပေးရမလဲ ပြောပါဦးဗျာ"ဆိုတဲ့အသံမျိုးရယ်ခပ်နွေးနွေးအပြုံးလေးရယ်နဲ့ပြန်ဖြေလာသူကိုသဘောကျမိသည်တော့အမှန်။
"ပျင်းလိုက်တာယုံးးးး"
"ပျင်းတော့ဘာလုပ်ပေးရမလဲဟင် ကပြရမလား?"
မင်းစီကချစ်စကားဆိုသံတွေကိုတဝကြီးနားထောင်ချင်တယ်ဆိုရင်ရော ရနိုင်လား?
ပျင်းလာရင် အပျင်းပြေအနေနဲ့မင်းကိုချစ်ကြောင်းတွေပြောပြရမလားချစ်သောရေ…?
______________________________________
ဆေးရုံခန်းထဲတကျက်ကျက်ရန်ဖြစ်သံတွေရယ် ရယ်သံလွင်လွင်တွေရယ်ကငှက်ကလေးတွေရဲ့တေးဆိုသံထက်ပိုသဘောကျချင်စရာကောင်းနေလေရဲ့၊
______________________________________TBC…
တစ်ခါတစ်ခါအပ်ဒိတ်ပေးဖို့ကိုတအားပျင်းနေလို့တစ်ယောက်ယောက်လာရိုက်ကြပါလား( ≧Д≦)