တိတ်ဆိတ်နေတဲ့ပန်းခြံငယ်ဟာလူတစ်ယောက်ရဲ့မျက်ရည်စတွေနဲ့၊
"တကယ်ကို ဘာတွေဖြစ်သွားတာလဲ..."
လွန်ခဲ့သောနာရီဝက်*
"အပြင်ထွက်တော့မှာလားယောင်း"
"အွန်း"
"အာ ခဏနော်သန်စင်ခန်းဝင်ချင်လို့"
"အွန်း"
သန့်စင်ခန်းဝင်တာကိုစောင့်ရင်းဖတ်လက်စစာအုပ်လေးဖတ်နေတုန်းမြည်လာတဲ့ဖုန်းသံကြောင့်ဖုန်းကိုကြည့်မိလိုက်တော့ယုန်emojiလေးကိုတွေ့ရသည်။
ပထမတစ်ခေါက်~ဒုတိယတစ်ခေါက်~တတိယတစ်ခေါက်မှာတော့ဒိုယောင်းမနေနိုင်တာနဲ့ဖုန်းကိုင်လိုက်မိပါသည်။
"..."
"အာပါး!"
ဟင်!ဒါကဟိုကလေးလား
ဒိုယောင်းဘာမှပြန်မပြောဘဲထားမိတော့ဖုန်းချသွားပါသည်။ကျန်ခဲ့တဲ့ဒိုယောင်းမှာတော့ဖုန်းကိုနေရာမှာပြန်ထားပြီးဘာမှမဖြစ်ခဲ့သလိုနေနေယုံပင်...
"ယောင်း"
"သွားရအောင်"
"..."
ဒိုယောင်းတိတ်ဆိတ်နေရသည့်အကြောင်းအရင်း၊ထယ်ယုံးကိုစိတ်ဆိုးခဲ့မိတဲ့အကြောင်းအရင်းအားလုံးအစပြုရာဟာဒီဖုန်းကောလ်တစ်ခုကြောင့်ပင်၊
******
ည၁၂နာရီလောက်သွားကြည့်မိတော့စိတ်ဆိုးနေတဲ့လူသားငယ်ဟာအိပ်မောကျနေပြီဖြစ်သည်။ထယ်ယုံးကတော့အခန်းအပြင်ကထိုင်ခုံတန်းလေးမှာထိုင်ရင်းအချိန်တွေကိုကုန်ဆုံးစေသည်။
မနက်၈:၀၀*
ဆေးရုံကသူနာပြုတွေရဲ့အသံကြောင့်နိုးလာခြင်းဖြစ်သည်။နိုးနိုးချင်းမို့ပုံရိပ်တွေကိုသေချာမမြင်ရပေမယ့်သူနာပြုတွေကသူ့ရှေ့ကဆေးရုံခန်းထဲကိုဝင်လိုက်ထွက်လိုက်နှင့်ခြေရှုပ်နေကြသည်။
ဆေးရုံခန်း?သူနာပြုတွေရဲ့အပြေးအလွှားပုံရိပ်တွေ?စကားသံဆူဆူညံညံတွေပြီးတော့...
ကင်မ်ဒိုယောင်း!အိပ်ချင်နေတုန်းဖြစ်နေတဲ့မျက်လုံးအစုံကိုပြူးကျယ်သွားစေသည့်အမည်နာမ။